ဇာတ်ကားတစ်ကားရဲ့ ဇာတ်ရုပ်ကို ပီပြင်အောင်အမြဲလုပ်လေ့ရှိတဲ့ သရုပ်ဆောင် မင်းသမီးချော ပိုင်ဖြိုးသုကတော့ ဒီတစ်ခေါက်မှာလည်း “ဗိုလ်နေတိုး”ဇာတ်ကားအတွက် ကာရိုက်တာနဲ့လိုက်ဖက်မယ့် ဆံပင်အတိုပုံစံကို ညှပ်လိုက်တယ်လို့သိရပါတယ်။

ဒါရိုက်တာကလည်း ယောကျာ်းဆန်ဆန် ဆံပင်ညှပ်ခိုင်းလိုက်တာကြောင့်ရယ် ၊ ဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင် သရုပ်ဆောင်ချင်တာကြောင့်ရယ်၊ ပရိသတ်တွေရဲ့ ခွင့်ပြုချက်ရသွားတာကြောင့် ဆံပင်အတို ညှပ်ပစ်လိုက်တာပါလို့ အင်တာဗျူးတစ်ခု မှာ ဖြေကြားခဲ့ပါတယ်။

ဆံပင်အတိုပုံစံနဲ့ပဲဖြစ်ဖြစ်၊ ဆံပင်အရှည်ပုံစံနဲ့ပဲဖြစ်ဖြစ် ပိုင်ဖြိုးသုကတော့ လှပြီးသားလို့ ဆိုရမှာပါ။ ဒါပေမယ့် အရင်ကပုံစံနဲ့ မတူတဲ့စတိုင်တွေနဲ့ ပိုင်ဖြိုးသုဟာ အခုစံပင်အတိုပုံစံနဲ့ ခပ်မိုက်မိုက်ကလေးနဲ့ လန်းနေတာကို တွေ့ရပါတယ်။ ဆံပင်အတိုလေးနဲ့လည်း တစ်မျိုး အမြင်ဆန်းပြီး လှနေတဲ့ ပိုင်ဖြိုးသုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အတို ၊ ဂါဝန်အတိုလေးနဲ့ လှနေတဲ့ပိုင်ဖြိုးသုရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

Source : Facebook