မကြာခင်မှာ ချစ်ရတဲ့သူနဲ့ လက်ထပ်ရတော့မယ့် အဆိုတော် မင်းသမီးချော စန္ဒီမြင့်လွင်(ခေါ်) ဒီးဒီးကတော့ မင်္ဂလာပွဲက အမေ စိတ်ကြိုက် သဘောတူပြီး အစစရာရာ ခွင့်ပြုမှ လုပ်ခဲ့တာပါလို့ အင်တာဗျုးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူမရဲ့Pre Wedding ဓာတ်ပုံလေးတွေကိုတော့ ပုဂံမြို့နဲ့ ကမ်းခြေတစ်နေရာမှာ ရိုက်ကူးခဲ့ပြီး တစ်ချို့ကိုတော့ ပြည်ပမှာ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီးဒီးက သူမရဲ့မင်္ဂလာပွဲကို အမေခွင့်ပြုမှ လုပ်ခဲ့ကြောင်းကို “အမေ ဆိုပေမယ့် ဒီးဒီအပေါ် အရမ်းရင်းနှီးပြီး သူငယ်ချင်းလိုလဲ ဖြစ်တယ်။ အရမ်းလည်း ချစ်တယ်။ အမေ သဘောတူပြီး အစစရာရာခွင့်ပြုမှ မင်္ဂဆောင်တာကအစ လုပ်ခဲ့တာပါ။ သူလည်း နှမြောတော့ နှမြောတာပေါ့။ ဒါပေမယ့် လူကြီးတွေဖြစ်လာပြီဆိုတော့ သူလည်း ခွင့်လွှတ်ပါတယ်။ ဒီးဒီတို့ ချစ်သူ သက်တမ်းကတော့ (၂) နှစ်နီးပါးပါ။ သူ ဒီးဒီ အပေါ်ကို ချစ်တယ်။ နားလည်မှု ပေးနိုင်တယ် “

ဆက်လက်ပြီး သူမက “အဓိကကတော့ ရွေးချယ်သင့်တဲ့ ယောကျာ်းတစ်ယောက်မို့လို့ လက်တွဲခဲ့တာပါ။ အမေ့ အပေါ်ကို မင်္ဂလာဆောင်ခါနီးမှ မဟုတ်ပါဘူး။ အမြဲတမ်း အမေ့ကို ခေါင်းပေါ်မှာပဲထားတယ်။ အမေ့အတွက် ဒီးဒီ ဒီထက်ပိုပြီး တရားတွေရအောင်၊ စိတ်ချမ်းသာအောင် အမြဲတမ်း ထားသွားမှာပါ။ ဒီးဒီ မင်္ဂဆောင်ပြီးရင် သီချင်းတွေ အများကြီး ဆက်လုပ်သွားမှာပါ ” လို့ ဖြေခဲ့ပါတယ်။ 

source : Sandy Myint Lwin (MC)