ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် မင်းသမီးချောလေး စန္ဒီမြင့်လွင်နဲ့ သူမရဲ့ချစ်သူ ကိုသီဟလွင်တို့ မင်္ဂလာပွဲကိုတော့ မတ်လ(၁၁)ရက်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ မတ်လ(၁၂)ရက်မှာတော့ မင်္ဂလာ ညစာစားပွဲကို ကျင်းပခဲ့ပါတယ်။

(၁၁)ရက်နေ့ကပွဲမှာတော့ မင်္ဂလာပွဲမှာတော့ သတို့သားအရံအဖြစ် မင်းသွေး၊ အားတီ၊ X Box နဲ့ ဆန်းတိုးနိုင်တို့က ပါဝင်ပေးခဲ့ပါတယ်။ မင်္ဂလာသတို့သမီးအရံတွေအနေနဲ့ ကတော့ အေးမြတ်သူ၊ အိချောပို၊ ဂျင်းနီနဲ့ မေမြင့်မိုရ်တို့က ပါဝင်ပေးခဲ့ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ မတ်လ (၄) ရက်နေ့ က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။မင်္ဂလာဦး ဆွမ်းကျွေးအလှူကိုတော့ မတ်လ(၁၀)ရက်နေ့က မစိုးရိမ်ကျောင်း မှာ ပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာညစာစားပွဲမှာ ခင်ဝင့်ဝါက ပန်းကြဲ၊ သတို့သားအရံ၊ သတို့သမီးအရံတွေအနေနဲ့ကတော့ ပိုင်တံခွန်နဲ့ အွန်ဆိုင်း ၊ အောင်လေးနဲ့ ပိုပို ၊ ဇေယျနဲ့ ခင်လေးနွယ် ၊ အလင်းရောင် နဲ့ ဝိုင်းလေးတို့က ပါဝင်အားဖြည့်ကူညီပေးခဲ့ပါတယ်။မင်္ဂလာ ညစာစားပွဲမှာ တွေ့ရတဲ့ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ ကြည်နူးစရာ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

   

photos from Forever Wedding One Stop Service