မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမရဲ့ fb ပေါ်မှာ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ပုံလေးတွေထဲမှာတော့ တကယ့်ကို မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးနဲ့ စိုးပြည့်သဇင်ကို တွေ့ရမှာပါ။

အရှေ့ပိုင်းတက္ကသိုလ်မှာလို့ သိရပါတယ်။ ပုံလေးတွေကို စိုးပြည့်က ..

“တတိယနှစ်မြန်မာစာကျောင်းသူတစ်ဦးပါရှင်..” ဆိုပြီး တင်လိုက်ပါတယ်။

အရမ်းချစ်စရာကောင်းပြီး ရိုးသားလွန်းတဲ့ညီမလေးကို အစ်မဖြစ်တဲ့ စန္ဒီမြင့်လွင်က စိတ်မချဖြစ်ပြီး အမှာစကားခြွေလိုက်ပါတယ်။ “…ကျောင်းတက်ကောင်လေးတွေ စာလိုက်ပေးရင်မယူရဘူးနော် ဒါပဲ…” ဆိုပြီး မှာနေတာကိုလည်းတွေ့ရပါတယ်။

စိုးပြည့်သဇင်ဟာ မင်းသမီးတွေထဲမှာတော့ Sexy ကျကျမဟုတ်ဘဲ အမြဲတမ်း ရိုးရိုးယဉ်ယဉ်လေးတွေကိုပဲ ၀တ်ဆင် တတ်တဲ့၊ ခပ်အေးအေးပဲနေတတ်တဲ့ မင်းသမီးအဖြစ် လူသိများသူပါ။ မိန်းကလေးအရမ်းဆန်ပြီး ပန်းထိုးတာ၊ ကိတ်မုန့် ဖုတ်တာတွေကိုလည်း သင်ယူနေတာကို တွေ့ရပါတယ်။ “မယုံနိုင်သော”ဆိုတဲ့ စိုးပြည့်ရဲ့သီချင်းလေးကို “ရင်ဘတ်ထဲက ဓား” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးအဖြစ် အသုံးပြုထားပါတယ်။ စိုးပြည့်ရဲ့ ဂရုဏာသံပါတဲ့ အသံလေးရယ်၊ သီချင်းစာသားလေးတွေက “ရင်ဘတ်ထဲက ဓား” ဇာတ်ကားထဲက “အဝေး” နဲ့ အရမ်းကိုလိုက်ဖက်နေတာကို တွေ့ရပါတယ်။

from စိုးပြည့်သဇင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။