မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဆံပင်ပုံစံဒီဇိုင်းသစ်နဲ့ပုံလေးတွေကို သူမရဲ့ FB ပေါ်မှာ တင်ထားပါတယ်။ ဆံပင်အတိုအကုပ်အတိုလေးနဲ့ ကာလာဆန်းပုံစံလေးပါ။ တကယ်ပဲ ညှပ်လိုက်တာလား (သို့) အတုစွပ်ထားတာလားဆိုပြီး ပရိသတ်တွေက Comment မှာ မေးထားတာကိုလည်း တွေ့ရပါတယ်။

စံရတီမိုးမြင့်ဟာ အရင်တုန်းကထက် သိသိသာသာဝိတ်ကျသွားပြီး ပိုလှလာတာကိုတွေ့ရပါတယ်။ Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာတော့ သူမ ၀ိတ်ကျရတဲ့အကြောင်းကို မေးတဲ့အခါမှာတော့……

“သဲ ဘာလို့ပိန်သွားလဲဆိုတော့ ဟိုး(၂)လ၊ (၃)လလောက်တုန်းက Flu အရမ်းဖြစ်ကြတယ်လေ။ ဖြစ်တဲ့အချိန်မှာ သဲ ပိုးသတ်ဆေးတွေ အရမ်းသောက်ရတယ်။ တစ်လတည်းမှာပဲ အနည်းဆုံး (၂)ခါ၊ (၃)ခါလောက် အမြဲဖျားတယ်။ အပြင်းဆုံးပိုးသတ်ဆေးတွေသောက်ရတယ်။ အဲ့ကျမှ ပိန်သွားတာ။ အဲ့ကျမှာ gym လေး ပြန်ဆော့တာပေါ့။ သဲ gym အများကြီးမဆော့နိုင်ဘူး။ တော်တော်ကို များများ မဆော့နိုင်ဘူး..” လို့ ဖြေထားပါတယ်။

 

လက်တလောအချစ်ရေးကိုမေးတဲ့အခါမှာတော့ “မရှိဘူး။ မရှိဘူး။ သဲသဲမှာ လက်တလောချစ်ရမယ့်သူ မရှိဘူး။ သဲသဲမှာ လောလောဆယ်ချစ်ရမှာက သဲသဲပရိသတ်နဲ့ ခွေးလေးတွေ၊ သဲသဲမိသားစုတွေပဲ ရှိတယ်။ လောလောဆယ်တော့ မထားချင်သေးဘူး။ ပြီးတော့ ကိုယ်က အသက်ကလည်း (၂၃)နှစ်ဖြစ်ပြီဆိုတော့လေ ထားပြီးပြတ်သွားတယ်၊ ထားပြီးပြတ်သွားတယ်။ အဲ့လိုမျိုးဆိုတော့ ကိုယ့်အတွက်လည်း နာမည်လည်းမကောင်းဘူး။ ပြီးတော့ သဲက မလိမ်တက်ဘူး။ ရည်းစားထားရင်လည်း ရှိပါတယ်ဆိုပြီး အမြဲချပြတဲ့သူမျိုးဆိုတော့လေ။ နန်းမြတ်ကိုလည်း အားကျတယ်”

“သူဆိုလည်း အချိန်အကြာကြီးချစ်လာတယ်။ လက်ထပ်ဖို့ သေချာပြီ confirm ဆိုမှ အားလုံးကို ထုတ်ပြတဲ့သူမျိုး။ သဲလည်း အခုတော့မရှိသေးဘူးပေါ့နော်။ သေချာတယ် လူတစ်ယောက်ကို ကိုယ်တကယ် ကိုယ့်ကိုတကယ် မြတ်မြတ်နိုးနိုးချစ်တဲ့သူတစ်ယောက်ကို တွေ့တယ်၊ ကိုယ်တကယ် confirm ဖြစ်ပြီ လက်ထပ်မယ်၊ ကိုယ်နဲ့ဘ၀တစ်ခုတည်ဆောက်မယ် သေချာမှ ပရိသတ်ကိုချပြမယ်။ နို့မိုဆို ရည်းစားများတယ်ပဲ အဖက်တင်သွားမယ်…” ဆိုပြီး ဖြေခဲ့ပါတယ်။

Source Myanmar Celebrity

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။