စိုင်းစိုင်းကတော့ အနုပညာလောကမှာဆိုရင် အောင်မြင်မှုတွေကို ဆယ်စုနှစ်အတော်ကြာတဲ့ အထိ ဆက်ပြီးထိန်းထားနိုင်သူတွေထဲက တစ်ယောက်ပါ။စိုင်းစိုင်းကို သူ့ရဲ့ ပရိသတ်တွေက စိုင်းစိုင်း ကနေ ဦးစိုင်း ဘစိုင်း ဆိုပြီး ချစ်စနိုးနဲ့ နာမည်ပြောင်တွေပေးတဲ့ တစ်ခြားနာမည်ပြောင်တွေလည်း အများကြီးရှိပါတယ်။အခုချိန်ထိ လက်တွဲဖော်မရှိသေးတဲ့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။

စိုင်းစိုင်းက ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ပရိသတ်လက်ခံအားပေးမှု အပြည့်အ၀ရခဲ့သူပါ။ပရိသတ်တွေ စိုင်းစိုင်းကို ချစ်တဲ့ အားပေးရတဲ့ အကြောင်းအရင်းတွေထဲမှာ သူ့ရဲ့ social skill ကလည်း တစ်ခုအပါအ၀င်ပါ။ဖြတ် သန်းလာတဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ စိုင်းစိုင်းတစ်ယောက် ဝေဖန်တိုက်မှု များစွာနဲ့ ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင် နေရတုန်းပါ။ဝေဖန်လာသမျှကို စိုင်းစိုင်းရဲ့ အမြဲတမ်း ပညာသားပါပါ ပြန်လည်ဖြေရှင်းတတ်ပုံတွေကလည်း သူ့အပေါ် ပရိသတ်တွေ အချစ်ပိုနေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

လူပျိုကြီး စိုင်းစိုင်းက သူ့ရဲ့ fb ပေါ်မှာ အချစ်နဲ့ပတ်သက်ပြီး feel တဲ့စာသားလေးတွေ မကြာခဏ တင်လေ့ရှိပြီး ပရိသတ် တွေကလည်း သူ့စာလေးတွေကို အရမ်းကြိုက်ပါတယ်။စိုင်းစိုင်းတစ်ယောက် အနမ်းနဲ့ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့် ဆိုထားပါတယ်။အနမ်းဆိုတဲ့ အရာကို စိုင်းစိုင်းက ဘယ်လိုမျိုးအ ဓိပ္ပါယ်ဖွင့်ထားလဲ ဆိုတော့…..

“အနမ်းဆိုတာ မြတ်နိုးခြင်းလှုံ့ဆော်မှုကြောင့် ဖြစ်ရတဲ့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံ့ပြန်မှုလို့ သက်ဝင် ယုံကြည် မိပြန်တယ်..” ဆိုပြီး စိုင်းစိုင်းက အဓိပ္ပါယ်ဖွင့်ထားပါတယ်။ဒီစာသားလေးဟာ အရင်လိုပဲ feel ထားတဲ့ စာသား ဖြစ်နိုင်သလို လာမယ့် သူ့သီချင်းခွေမှာပါမယ့် သီချင်းစာသားလည်း ဖြစ်နိုင်ပါတယ်။စိုင်းစိုင်းကတော့ အနမ်း ဆိုတာကို ဒီလိုလေးအဓိပ္ပါယ်ဖွင့်ထားပါတယ်။ပရိသတ်ကြီးကရော….?

 

စိုင်းစိုင်းရဲ့ သီချင်းတွေကို မျှော်နေတဲ့ ပရိသတ်တွေ အတွက် SAISAI is SAISAI ဆိုတဲ့ single အယ်ဘမ်ကို တော့ မတ် (၂၅)မှာ ထွက်ရှိမှာပါ။

from စိုင်းစိုင်းရဲ့ fb & IG