အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဆယ်စုနှစ်ကျော်ကြာသည်အထိ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေခဲ့ပြီး ယခုအချိန်အထိ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရထားသူလည်းဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေများသလို ဝေဖန်သူတွေလည်း ရှိနေခဲ့ပါတယ်။

စိုင်းစိုင်းဟာ သူရဲ့ အသက်အရွယ်နဲ့ ရင့်ကျက်မှုကြောင့် တော်ရုံဝေဖန်မှုတွေကို ဘေးဖယ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့စာတွေ၊ Troll ထားတဲ့ပုံတွေကိုတောင် ပြန် Share ပြီး အပြုံးမပျက် နေနိုင်ခဲ့သူမို့ ပရိသတ်တွေရဲ့ လေးစားတာကိုလည်း ခံနေရသူ ဖြစ်ပါတယ်။

အခုမှာတော့ ဝေဖန်မှုတစ်ခုနဲ့ပတ်သက်ပြီး စိုင်းစိုင်းတစ်ယောက် ” ကိုယ့်ဟာကိုယ် ဘယ်သူမှ မထိခိုက်ဘဲနေတာကို … ဟိုကောင်က တိုက်ခိုက်လိုက် … ဒီကောင်က စော်ကားလိုက်နဲ့ … အင်း … သက်ပြင်းပဲ ချမိတော့တယ် … တုန့်ပြန့်ဖို့လည်း မထိုက်တန်ချေ” ဆိုပြီး ပေါက်ကွဲထားတာ တွေ့ရပါတယ်။ စိုင်းစိုင်းပရိသတ်တွေက နှင်းဆီနယ်နိမိတ်အငြိမ့်ရဲ့ ပြက်လုံးတချို့ကြောင့်လို့ထင်ကြပေမယ့် စိုင်းစိုင်းက အငြိမ့်ကြောင့်မဟုတ်ပဲ သူ့အရင်ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေအထိပါ ဝေဖန်တိုက်ခိုက်ခံနေရတာတွေကြောင့် ဖြစ်တယ်လို့ ကွန့်မန်မှာ ပြန်ဖြေထားပါတယ်။

လတ်တလောမှာ စိုင်းစိုင်းက “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ကားကို မေမြို့မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးကတော့ ဂျူးရဲ့ဝတ္ထုကို စိုင်းစိုင်း၊ ဖွေးဖွေး၊ ထွန်းထွန်းတို့နဲ့ ပြန်လည်ပုံဖော် ရိုက်ကူးမှာပဲဖြစ်ပါတယ်။ စိုင်းစိုင်က နိုင်ငံကျော် ဒိတ်ဒိတ်ကြဲအဆိုတော် တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်နယ်ပယ်မှာလည်း  အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ SAI Cosmetics ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်ပါတယ်။

photo : Sai Sai Kham Leng’s fb