စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အောင်မြင်တဲ့အဆိုတော် မင်းသားတစ်ယောက်ပါ။ အောင်မြင်မှုကို နှစ်တွေအကြာကြီးသိမ်းပိုက်ထားနိုင်တဲ့ ဆယ်လီတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Social Skill အရမ်းကောင်းတဲ့ လူတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံထားရသူပါ။

 

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းကတော့ သူ့ရဲ့ fb မှာ Post တစ်ခုကို တင်လိုက်ပါတယ်။ တက်တူးထိုးရတာကို ကြိုက်ပေမယ့် အချိန်ကြာလာရင် မကြိုက်တော့မှာစိုးလို့ မထိုးဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့ နာမည်နဲ့ ပုံတွေကို တက်တူးထိုးထားတာတွေ့ရင်တော့ အရမ်းကို ကြွေမိတယ်ဆိုပြီး ရေးထားတာပါ။ အပြည့်အစုံကတော့…

“Tattoo သိပ်ကြိုက်ပေမယ့်
နောက်သုံးလေးနှစ်နေလို့ မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်းပြချက်နဲ့ မထိုးဘဲနေနေပေမယ့်
သူတို့ကတော့ တစ်သက်တာအမှတ်တရ ကိုယ့်ပုံ ကိုယ့်နာမည်ကို Tattoo ထိုးတာတွေ့ရင်တော့ ကြွေတာပေါ့လေကွယ်…”

from စိုင်းစိုင်းရဲ့fb