အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ အောင်မြင်မှုကို အကြာကြီးထိန်းထားနိုင်သူတစ်ယောက်ပါ။ ဟိုးအရင် ဆယ်စုနှစ်တွေတည်းက နာမည်ကြီးလာတဲ့ စိုင်းစိုင်းဟာ ဒီနေ့ ဒီအချိန်ထိလည်း အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

အောင်မြင်သူတစ်ယောက်ရဲ့ ဘ၀မှာလည်း အောင်မြင်ခြင်းဆိုတဲ့နောက်မှာ အားနည်းချက်နဲ့ အားသာချက်တွေရှိပါတယ်။ထိပ်ဆုံး၊ အပေါ်ဆုံးမှာ ရပ်တည်နေသူအများစုဟာ တစ်ယောက်တည်း အထီးကျန်မှုကို ခံစားနေရတာတွေများလေ့ရှိပါတယ်။ နာမည်ကြီးတစ်ယောက်နဲ့အတူသွားရင် လူတွေ အာရုံစိုက်ခံရမှာကိုမလိုလားလို့ တစ်နေရာရာသွားရင် အပေါင်းအသင်းတွေက ကိုယ့်ကို ဖယ်ကျဉ်ထားတာ၊ အချစ်ရေးမှာလည်း နာမည်ကြီးတစ်ယောက်မို့ မယူရဲတာ အစရှိတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေရတယ်လို့ စိုင်းစိုင်းက ရင်ဖွင့်ထားပါတယ်။ စိုင်းစိုင်းရင်ဖွင့်လိုက်တဲ့ “နာမည်ကြီး” တစ်ယောက်ရဲ့ ခံစားချက်တွေကတော့..

“မိန်းကလေးမို့ ခွဲခြားဆက်ဆံတာ
ယောက်ကျားလေးမို့ခွဲခြားဆက်ဆံတာ
ပိန်လို့ ဝလို့ခွဲခြားဆက်ဆံတာ
ရုပ်ဆိုးလို့ ပုံတုံးလို့ခွဲခြားဆက်ဆံတာ
အသက်ငယ်လို့ အသက်ကြီးလို့ ခွဲခြားဆက်ဆံတာ
ဆင်းရဲလို့ ဝင်ငွေနည်းလို့ ခွဲခြားဆက်ဆံတာ
စသဖြင့်တွေထဲမှာ
ကျနော်ကျတော့ နောက်တစ်မျိုးထပ်တိုးပြီး
ခွဲခြားဆက်ဆံခံရတာက
နာမည်ကြီးလို့တဲ့ဗျာ
နာမည်ကြီးလည်း လူပဲ အဆိုတော်လည်းလူပဲ
အများသူငါလို ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ စာရင်းကိုင် သူနာပြု စသဖြင့် professional အလုပ်တစ်ခု လုပ်နေတဲ့သူပဲဆိုတော့ မသိဘူးတဲ့ မင်းမပါနဲ့တဲ့
ခံရတာခဏခဏရှိပြီ
သူငယ်ချင်းတွေ ကျိုက်ထီးရိုးသွားတယ် မင်းမလိုက်နဲ့တဲ့ ရေကျော်ပွဲဈေးဆိုလည်း ဒိုင်လျှိုလေးလစ်ကြတယ် edmဘာညာ လုံးဝ မခေါ်ပါ

တကယ်ဗျာ
အလျှော်ခံရတာများလို့ ဖြူရော်ပြီး မဲနယ်ဆိုးရတော့မယ်
အဲလိုပဲ
နာမည်ကြီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချန်ထားခံရတာ တော်တော်များပါတယ်
နာမည်ကြီးလို့ ဒီပြိုင်ပွဲဝင်မပြိုင်နဲ့တို့
နာမည်ကြီးလို့ မင်းကို မရွေးဘူး ပယ်တယ်တို့
နာမည်ကြီးလို့ အံတီ့သမီးနဲ့ သဘောမတူဘူးတို့ဘာတို့
နာမည်ကြီးတာ ဘာအပြစ်ရှိလို့လဲဗျာ
နာမည်ကြီးလည်း ယှဉ်ပြိုင်ခွင့်ရှိရမှာပေါ့
နာမည်ကြီးလည်း ချစ်ခွင့်ရှိရမှာပေါ့
မဟုတ်ဖူးလား

from စိုင်းစိုင်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။