စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ အောင်မြင်မှုကို အချိန်တွေအကြာကြီး ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ ဟိုးအရင်တည်းက မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံ အားပေး ခံထားရတဲ့ စိုင်းစိုင်းဟာ ဒီေ န့ အထိလည်း မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကို ခံနေရဆဲပါ။သီချင်းသစ် တစ်ခွေ ထွက် တိုင်း ပရိသတ် အားပေးမှု ရထားတဲ့ စိုင်းစိုင်းကတော့  (၉)ခုမြောက်အယ်ဘမ် “စိုင်းစိုင်းကစိုင်းစိုင်း” (Sai Sai is Sai Sai)ဟာ ဧပြီ (၁)ရက်နေ့ကထွက်ရှိခဲ့ပါတယ်။

ဒီပွဲကိုတော့ Junction Square မှာ ကျင်းပခဲ့ပြီး စိုင်းစိုင်းရဲ့ ပရိသတ်တွေ အများကြီးလာရောက် ခဲ့ကြပါတယ်။ ပရိ သတ်တွေရဲ့ အားပေးမှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါ။စိုင်းစိုင်းက သူ့ရဲ့ အယ်ဘမ်သစ် နဲ့ပတ်သက်ပြီး ပရိသတ်တွေကို fb ကတစ်ဆင့် အခုလို ကျေးဇူးတင်စကားဆိုထားပါတယ်။

“ကျနော့်အနုပညာသက်တမ်းတလျှောက်စံချိန်တင် လက်မှတ်ထိုးပွဲဖြစ်ပါတယ်
နေ့လည် ၁ နာရီခွဲမှာ စထိုးတာ ည ၇ နာရီခွဲအထိ
၆ နာရီ non stop ထိုးရတာပါ
ပွဲတစ်ပွဲထဲမှာ ဒီလောက်အရေအတွက်အထိရောင်းရတာလည်း ဒါပထမဆုံးဖြစ်ပြီးတော့ လူအရေအတွက်လည်း အများဆုံးပါပဲ
စင်တာအပြင်အထိ တန်းစီနေကြတာ တစ်ဘက်မှာလည်း အားလည်းနာတယ် တစ်ဘက်မှာလည်း အားပေးမှုအတွက် ကြည်နူးဝမ်းသာပါတယ်
မထွက်သေး နားမထောင်ရသေးတဲ့ အခွေအသစ်အတွက် ဒီလောက်အားပေးတာ ကျနော့်အနုပညာကို ယုံကြည်မှုပေးထားတာ အခုအချိန်အထိ ကြက်သီးထနေပါတယ်
ဒီနေ့ပွဲအတွက် ပရိသတ်အားလုံးရော
ပါဝင်ကူညီကြသူတွေရော Operation မှာပါဝင်ခဲ့ကြတဲ့ ဘော်ဒါတွေ လုပ်ဖော်ကိုင်ဖက်တွေရော လူတိုင်းလူတိုင်းကို ကျေးဇူး အထူး (အထူး ) တင်ပါတယ်ခင်ဗျား

( စာကြွင်း – selfie 5000 လောက် မနားတမ်း ရိုက်ဖူးတာလည်း ပထမဆုံးပါပဲခင်ဗျာ )…” ဆိုပြီး တင်ထားပါတယ်။

 

သီချင်းခွေကို မူရင်းခွေကို ၀ယ်ပြီး အားပေးဖို့လည်း စိုင်းစိုင်းက အခုလို တိုက်တွန်းထားပါတယ်။

“သီချင်းတစ်ခွေ ၃၅၀၀- ၄၀၀၀ ကျပ်ဟာ
တေးရေး/တေးဆို/တီးခတ်/ထုတ်လုပ်နဲ့ ဒီproduction မှာပါဝင်သူတွေအားလုံး ခွဲဝေရရှိတာဖြစ်ပါတယ်
ကိုယ့်ရပိုင်ခွင့်တွေမရရှိရင် ဒီဂီတလုပ်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့ ပိုပိုဒုက္ခရောက်လာပြီးတော့ ထပ်မံထုတ်လုပ်ဖို့ခက်ခဲလာမှာပါ
(စိုင်းစိုင်းတစ်ယောက်တည်းနဲ့အခွေတစ်ခွေမဖြစ်ပါဘူး )

စိုင်းစိုင်းပရိသတ်များအနေနဲ့
Download link တွေကို မ share ဖို့နဲ့ အားပေးခြင်းမပြုလုပ်ဖို့ မေတ္တာရပ်ခံလိုပါတယ်

ပြီးတော့ မူရင်းအခွေ ဒါမှမဟုတ် Myannmar Music Store ကနေ digital download ဝယ်ယူထားသူများကလည်း မိမိအမှန်အကန်အားပေးကြောင်းကိုဂုဏ်ယူစွာနဲ့ ကိုယ့် Timeline မှာဓာတ်ပုံတွေတင်ပေးကြပါခင်ဗျား…”

Posted by Sai Sai Kham Leng on Saturday, March 31, 2018

from စိုင်းစိုင်းနဲ့ Wunna Khwar Neeရဲ့ fb