အဆိုတော် မင်းသား စိုင်းစိုင်းကတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ဒီနေ့ ဒီအချိန်ထိ ဆက်လက်သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ စိုင်းစိုင်းရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဝေဖန်တိုက်ခိုက်မှုမျိုးစုံနဲ့ ကြုံခဲ့ရပေမယ့် ကြုံလာသမျှတွေကို အပြုံးမပျက် တည်ငြိမ်စွာ တုံ့ပြန်တတ်တဲ့ သူ့ရဲ့အပြုအမူတွေကလည်း ပရိသတ်တွေအတွက် အချစ်ပိုစရာ ဖြစ်ခဲ့တာပါ။

ပရိသတ်အပေါ် လေးစားမှုရှိတယ်၊ အနုပညာအပေါ် လေးစားမှုရှိတယ်ဆိုပြီး နာမည်ကောင်းနဲ့ နာမည်ကြီးသူပါ။ စိုင်းစိုင်းက သူ့ရဲ့ FB မှာ အချစ်နဲ့ပတ်သက်တဲ့စာတွေ ဘ၀နဲ့ပတ်သက်တဲ့ စာလေးတွေကို တင်လေ့ရှိပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ စာတွေကတော့ လူငယ်တွေကြားမှာ အရမ်းကိုရေပန်းစားပါတယ်။ စကားအနုအလှလေးတွေပြောတတ်၊ ရေးတတ်တဲ့ စိုင်းစိုင်းကတော့ ဒီတစ်ခါမှာလည်း ပရိသတ်တွေကို ထပ်ပြီးကြွေအောင်လုပ်လိုက်ပါတယ်။

မကွေးမှာ ဒီဇင်ဘာ (၂၁)ရက်နေ့တုန်းက ညပိုင်းမှာ Samsung Galaxy Tour သီဆိုဖျော်ဖြေခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ (၁၀ နာရီက ၁၂ နာရီအထိ) Beauty Diary မှာ SAI Cosmetx Fan Meeting လေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီလိုပွဲတွေ ဆက်တိုက်ဆက်နေလို့ ပင်ပမ်းနေပေမယ့် ပရိသတ်တွေနဲ့ဆုံရလို့ သူ့နှလုံးသားကတော့ နွေးထွေးနေတယ်လို့ပြောထားပါတယ်။

“2နာရီကျော်ကြာအောင်
မတ်တပ်ရပ် လက်မှတ်ထိုး ဓာတ်ပုံရိုက်ပြီးတဲ့အခါ
သင့်ဦးခေါင်းက မူးနောက်နေပါလိမ့်မယ်
သင့်မျက်လုံးတွေကျိန်းစပ်နေပါလိမ့်မယ်
သင့်ခြေထောက်တွေညောင်းကိုက်နေပါလိမ့်မယ်
ဒါပေမယ့်
သင့်နှလုံးသားက နွေးထွေးနေပါလိမ့်မယ်…” ဆိုပြီး တင်ထားတာပါ။

from စိုင်းစိုင်းရဲ့ fb