စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ fb မှာ မင်္ဂလာပွဲတစ်ခုသို့ တက်ရောက်ခဲ့တဲ့ပုံလေးကို တင်ထားပါ တယ်။မင်္ဂလာဇနီးမောင်နှံအတွက်လည်း ဆုတောင်းစကား ဆိုပေး ထားပါတယ်။

“Ko Thomas နဲ့ Ma Hannah
သံသရာ အဆက်ဆက် ပေါင်းဖက်နိုင်ပါစေ..” ဆိုပြီး တင်ထားပါတယ်။

အဲ့ဒီမင်္ဂလာပွဲကိုပဲ Ah boy နဲ့ နိုင်းဝမ်းတို့ စုံတွဲလည်း တက်ရောက်ခဲ့ပါတယ်။စိုင်းစိုင်းနဲ့တော့ အတူ တက်ရောက်တာမဟုတ်ပါဘူး။သူတို့နှစ်ယောက် သီးသန့် တက်ရောက်ခဲ့ပုံရပါတယ်။နှစ်ယောက်လုံး က သတို့သားရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေပါ။

နိုင်းဝမ်းကလည်း သူ့ချစ်သူကို ခေါ်ပြီး ပွဲတက်လာခဲ့ပါတယ်။မင်္ဂလာမောင်နှံအတွက် ဆုတောင်း စကား ဆိုထားတာကို တွေ့ရပါတယ်။

Ah boy ကတော့ သူ့ရဲ့ သတို့သမီးလောင်းလေး မြတ်ရတနာကျော်နဲ့ အတူ တက်ရောက်ခဲ့ပါ တယ်။”သူများ မင်္ဂလာဆောင်ကို စုံတွဲ အဖြစ်… ပထမဆုံး ဖိတ်ခံရ၍ တက်ရောက်ခြင်း အမှတ်တရ။ အယ်လယ်..” ဆိုပြီး Instagram မှာ တင်ထားပါတယ်။

from စိုင်းစိုင်း၊Ah boy & နိုင်းဝမ်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။