လတ်တလော အဆိုတော် G-Fatt တစ်ယောက်ကတော့ သွားတိုက်နေတဲ့ပုံတွေနဲ့ ဟာသလုပ်တာကိုခံနေရပါတယ်။ G- fatt တစ်ယောက်ကတော့ ဒီပုံတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်းပျော်နေတာတွေ့ရတော့ သူ့လည်းပျော်ရပါတယ်လို့ ပြောပါတယ်။ နန်းဆုကလည်း G-fatt ရဲ့ပရိသတ်တွေက သူ့ကိုချစ်လို့ စနောက်ကြတာနေမှာပါလို့လည်းပြောပါတယ်။

အဆိုတော် G-fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကတော့ တစ်ယောက်လိုတဲ့ကွက်လပ်တွေကို တစ်ယောက်ဖြည့်ဆည်းပေးပြီးတော့ အရာအားလုံးအဆင်ပြေနေပါတယ်တဲ့။ နန်းဆုကလည်း စိတ်ချမ်းသာနေပါတယ်ဆိုပြီး ပြောပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ သာသာယာယာဖြစ်နေပြီး နှစ်ယောက်အတူ ကိုယ်စီ အနုပညာအလုပ်တွေကိုလည်း လျှောက်လှမ်းနေကြတာကို တွေ့ရမှာပါ။

source – myanmar celebrity