ပရိသတ်တွေ မျှော်လင့် စောင့်ဆိုင်း နေတဲ့ သီချင်း RED LIGHT က တော့ ဒီက နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထွက်ရှိလာ ခဲ့ပါတယ်။စိုင်း စိုင်း က တော့ မြန်မာ နိုင်ငံရဲ့ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ပြီး သူ့ အတွက် တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော် တစ်ယောက် နဲ့ Collaboration Song ထွက် တာ ဒါ ပထမ ဆုံးပါ။ Park Bom က တော့ တစ်ခေတ် တစ်ခါ တုန်းက အရမ်းကို နာမည်ကြီး တဲ့ 2NE1 အဖွဲ့ ရဲ့ အဖွဲ့ ၀င် တစ်ယောက်ပါ။သီချင်း မထွက် ခင်တည်းက စိုင်းစိုင်းက ဒီသီချင်း အတွက် အရမ်းကို ရင်ခုန် စိတ်လှုပ်ရှား နေပါတယ်လို့ သူ့ရဲ့ Fb မှာ တင်ခဲ့ပါတယ်။
စိုင်းစိုင်း က တော့ သူ့ရဲ့ သီချင်းကိုတော့ Sai Sai Pay နဲ့ JOOX တို့ မှာ နားဆင် နိုင် တဲ့ အ ကြောင်းနဲ့ နိုင်ငံတကာ ပရိသတ် တွေ ဆိုရင် တော့ Spotify, Apple , iTune နဲ့ Korean App တို့ မှာ နားဆင် နိုင် တယ်လို့ FB က တစ်ဆင့် ပြော ခဲ့ပါတယ်။မကြာ ခင် မှာတော့ Making Vision ကိုပါ တင် ပေး သွားမှာ ဖြစ်ပြီး လက်ရှိ က ကိုဗစ် ကာလ မို့ MV ကို ကိုရီးယား အထိ သွား မရိုက် နိုင် တဲ့ အပေါ် နားလည် ခွှင့် လွှတ် ပေးဖို့ ကိုလည်း ပြောခဲ့ပါတယ်။
“SaiSai Pay နဲ့ JOOX မှာသီချင်းနားဆင်နိုင်ပါပြီနိုင်ငံတကာက ပရိသတ်တွေလည်း Spotify, Apple , iTune နဲ့ Korean App တွေ အားလုံးမှာ နားဆင်နိုင်ပါပြီခင်ဗျာသိပ်မကြာခင်မှာ Making Version အဖြစ်တည်းဖြတ်ထားတဲ့ Video ကိုပါ YouTube နဲ့ Facebook မှာ တခါတည်း တင်ပါမယ် တခုကြိုပြီးတောင်းပန်ချင်တာက Pandemic ကာလအတွင်းဆိုတော့ ဟိုမှာ MV သွားမရိုက်နိုင်လို့ Making Version ပဲ ရိုက်ထားရတာ နားလည်ခွင့်လွှတ်ပေးပါဗျ …”
View this post on Instagram
2% Entertainment ရဲ့ Youtube Channel မှာ တော့ RED LIGHT သီချင်း ကို တင် ထားပါတယ်။ဒီသီချင်း နဲ့ ပတ်သက်ပြီး လည်း မြန်မာ ရဲ့ နာမည် ကြီး အောင်မြင်တဲ့ အဆိုတော် တေးရေး မင်းသား စာရေးသူ စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ အနုပညာသက် နှစ် ၂၀ ပြည့် အထိမ်း အမှတ် အဖြစ် Park Bom နဲ့ collaborating လုပ် ထားတဲ့ သီချင်းပါ။မြန်မာဂီတ သမိုင်း မှာ ဆိုရင် မြန်မာ အဆိုတော် နဲ့ K Pop Idol တို့ ပထမဆုံး collaboration လုပ် ထား တဲ့ သီချင်း ပါလို့ ပြော ခဲ့ပါတယ်။
#CELENOW(Ref;FB/Sai Sai)