Ready Player One ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဇာတ်ကား ရဲ့ အထူးပွဲကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ညက  လန် ဒန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုတော့ တကယ့်ကမ္ဘာကျော် ဆယ်လီ တွေ အများကြီးတက်ရောက်ခဲ့ပါတယ်။မြန်မာ ပရိသတ်တွေရဲ့ ကြားမှာ ‘အ၀င်း’ ဆိုပြီး နာမည်ကြီးနေတဲ့ မိုရီဆာကီဝင်းလည်း ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။အ၀င်း လည်း အဲ့ဒီရုပ်ရှင်ကားထဲမှာ ပါဝင်ထားပါတယ်။ဒီကားဟာ အ၀င်း အတွက် ဟောလိဝုဒ်ရုပ်ရှင်လောကထဲကို ၀င်ရောက်တဲ့  ခြေလှမ်း တစ်လှမ်း လို့လည်း ပြောလို့ရပါတယ်။

Ready Player One stars တွေဖြစ်တဲ့  Olivia Cooke နဲ့ Hannah John-Kamen  တို့ လည်း တက်ေ ရာက်ခဲ့ပါတယ်။ Olivia ကတော့  ငွေရောင် တလက် လက် တောက်ပနေတဲ့ ၀တ်စုံကို ၀တ်ဆင်ပြီး တက်ရောက် လာခဲ့ပါတယ်။ Hannah John-Kamen ကတော့ အ၀ါရောင်  ဂါဝန်ရှည်ကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

Ready Player One ကိုဖန်တီးတဲ့ ဒါရိုက်တာ  Steven Spielberg အသက် (၇၁)နှစ်ကလည်း ဒီပွဲကို Navy ရောင် ဘောင်းဘီ၊ကုတ်အကျီင်္နဲ့ လည်ပင်းမှာတော့ အပြာရောင် လည်စည်းကို တွဲဖက်ဝတ်ဆင်ပြီး တက်ရောက် လာခဲ့ပါတယ်။Mission Impossible ရဲ့ Star တစ်ယောက်ဖြစ်တဲ့ Simon Pegg လည်း ပွဲတက်ရောက်ခဲ့ပြီး Steven က Simon ကို တရင်းတနှီးပွေ့ဖက်နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပရိသတ်အချစ်တော အ၀င်းနဲ့ သူနဲ့ အတူတွဲဖက်သရုပ်ဆောင်တဲ့ Philip Zhao ကတော့ ကောဇောပြာထက်ကို ပုံမှန် casual အ၀တ်အစားကိုပဲ ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။Ready Player One  ဇာတ်ကားကိုတော့ မတ် (၂၈)ရက်နေ့ကစပြီး ပြသသွားမယ်လို့ သိရပါတယ်။

Source dailymail