အဆိုတော် R ဇာနည်နဲ့ ၀မ်းတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေး ချစ်ချစ်တုန်ကတော့ အသက် (၄)လ ပြည့်သွားပါပြီ။ သားလေးချစ်ချစ်တုန်ကိုတော့ (၂၀၁၈) ဇန်န၀ါရီ (၁၀)ရက်နေ့မှာမွေးဖွားခဲ့တာမို့ မေ (၁၀) ရက်နေ့ မှာတော့ (၄) လပြည့် သွားခဲ့ပါပြီ။

 

ချစ်ချစ်တုန်လေးရဲ့ (၄)လပြည့်မွေးနေ့ပွဲလေးကိုတော့ နေအိမ်မှာပဲ မိသားစုနဲ့ အတူ ကျင်းပခဲ့ပါတယ်။R ဇာနည်ရဲ့ fb မှာ တော့ မွေးနေ့ပွဲပုံလေးတွေကို ရှယ်ထားပါတယ်။R ဇာနည်နဲ့ ၀မ်းတို့ကတော့ အိမ်ထောင်သက် (၁၃)နှစ်လောက်ရှိေ နပါပြီ။သူတို့နှစ်ယောက်ရဲ့ ပထမဆုံးသားလေး ဖစ်ဖစ် တုန်ကတော့ အသက် (၈)နှစ်ရှိနေပါပြီ။

R ဇာနည်နဲ့ ၀မ်းတို့ မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာတဲ့ မိသားစုလေးပါ။R ဇာနည်က   ဖေဖော်ဝါရီလ (၆)ရက်နေ့ သူ့ရဲ့ မွေးနေ့တုန်းကလည်း ဦးပဉ္ဇင်း ၀တ်ခဲ့ပြီး  စတုဒီသာအလှူ လည်း လှူဒါန်းခဲ့ပါသေးတယ်။ ဧပြီ (၁၀) ရက်နေ့ကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို နိဗ္ဗာန်ယာဉ်(၂)စီး လှူဒါန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကလည်း သစ်တံခါးဆရာတော်ကို အလှူငွေတွေ လှူဒါန်းခဲ့ပါတာယ်။ (၂၀၁၇)နိုဝင်ဘာတုန်းကလည်း မိတ္ထီလာမြို့ အနီးက မုန်တိုင်ကျေးရွာမှာ ရှိတဲ့ ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ပြည်လုံးချမ်းသာစေတီ၊ ရွှေဘုံသာစေတီ၊ ငွေဘုံသာစေ တီ တို့ကို ပြန်လည်ပြုပြင်ခြ င်း၊ ရွှေထီးတော် – စိန် ဖူးတော် – ဌက်မြတ်နားတော်များ တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအလှူပွဲ လုပ်ခဲ့ ကြတာပါ။

from R ဇာနည်