နိုဝင်ဘာ(၃၀)ရက်နေ့ကတော့ မင်းသား ပြေတီဦး ရဲ့ အသက် (၃၉)နှစ်ပြည့်မွေးနေ့လေးပါ။ ပြေတီဦးဟာ အနုပညာလှုပ်ရှားမှုတွေလုပ်လာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အချိန်အကြာကြီးကြိုးစားခဲ့ပြီးမှ ဒီလိုနေရာကို ရောက်ခဲ့တာပါ။ သူ့ရဲ့ ကြိုးစားမှု၊ မလျှော့တဲ့ဇွဲလုံ့လတွေရဲ့ ရလဒ်အသီးအပွင့်ကိုတော့ အခုအချိန်မှာ ခံစားနေရတာပါ။

ပြေတီဦးကတော့ သူ့ရဲ့ မွေးနေ့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အနမ်းလက်ဆောင်ကို သားလေးဆီကနေရခဲ့တာပါ။ အူဝဲက သူမရဲ့ fb မှာ…..

“ဖေဖေ့အတွက် သားသားရဲ့Birthday wish အနမ်း❤️
သမီးကကျောင်းသွားနေလို့ wish မလုပ်ရသေးဘူး..” ဆိုတဲ့ စာသားနဲ့အတူ ဗီဒီိယိုဖိုင်တစ်ခု တင်ခဲ့တာပါ။

ဖေဖေ့အတွက် သားသားရဲ့Birthday wish အနမ်း❤️သမီးကကျောင်းသွားနေလို့wish မလုပ်ရသေးဘူး❤️

Posted by Eaindra Kyaw Zin on Wednesday, November 29, 2017

အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ အူဝဲက သားလေးကိုချီပြီး မနက်စာစားနေတဲ့ ပြေတီဦးဆီကို လာခဲ့တာပါ။ ပြေတီဦးကလည်း ပါးကို အဆင့်သင့်ထိုးပြီး မွေးနေ့လက်ဆောင်အနမ်းကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တာကိုတွေ့ရပါတယ်။

ဒီကနေ့ရဲ့ မွေးနေ့ရှင် ပြေတီဦးဟာ အကယ်ဒမီ Luck အရမ်းရှိတဲ့မင်းသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ ‘အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်’၊ ‘နင်စေရင်’၊ ‘လက်ပံ’ ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကို သိမ်းပိုက်ခဲ့သူပါ။ အခုလည်း ဇနီးဖြစ်သူ အူဝဲနဲ့အတူတွဲ သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲဓါး” ဇာတ်ကားနဲ့လည်း အကယ်ဒမီရမယ်လို့ ပရိသတ်တွေရဲ့ထင်ကြေးပေးခြင်းကို ခံနေရပါတယ်။ အနုပညာ life မှာတင် မဟုတ်ဘဲ family life မှာပါ အောင်မြင်မှုရနေတဲ့ မင်းသားတစ်ယောက်ပါ။ ပြေတီဦးဖောင်ဒေးရှင်းကိုပါ ထူထောင်ပြီး ပညာရေးပရဟိတအလုပ်တွေ လုပ်နေသူပါ။

 

from အူဝဲရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။