ပြေတီဦးဖောင်ဒေးရှင်းဟာ ပညာရေးနဲ့ပတ်သက်တဲ့ ပရဟိတ လုပ်ငန်းတွေ ကို အဓိက ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ။တလောကဆိုရင် ရခိုင်မှာ ရှိတဲ့ စာသင်ကျောင်းတွေကို ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါသေးတယ်။ဒီတစ်ခါ မှာတော့ ဒီနှစ်အတွက် ပညာသင်ဆုပေးမယ့် ကျောင်းသား၊ကျောင်းသူတွေကို အပြီးသတ် ရွေးချယ်ပေးလိုက်ပါပြီ။

ဒီအကြောင်းကိုတော့ ပြေတီဦးက သူ့ရဲ့ FB ပေါ်မှာ……

“၂၀၁၇- ၁၈ ပညာသင်နှစ် အတွက် ဖောင်းဒေးရှင်းမှ ထောက်ပံ့ပေးမည့် ကျောင်းသား ကျောင်းသူများကို
အပြီးသတ် ရွေးချယ်ခဲ့ပါတယ်…
ဆေးတက္ကသိုလ်………၆ ဦး
စက်မှုတက္ကသိုလ်……..၅ ဦး
ဥပဒေ ……..၁ ဦး….” ဆိုပြီး တင်ထားပါတယ်။

from ပြေတီဦးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။