သရုပ်ဆောင်မင်းသား ဦးခင်လှိုင်ကတော့ သူ့ရဲ့ fb မှာ ရေကုသိုလ် အလှူအတွက် နှိုးဆော်ထားပါတယ်။ရေရှားပါးတဲ့  ကျေးရွာလေးမှာ ရေတနွင်းတူး၊ရေလှောင်ဖို့ အုတ်ကန်လေးတစ်ခု တည်ဆောက်ပေးဖို့ အလှူငွေကို ဆော်သြကောက် ခံပေးနေတာပါ။ခင်လှိုင်ရဲ့ ရေကုသိုလ်မှာတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသားပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံက လည်း ဒီအလှူမှာ ပါဝင်ပေးခဲ့ပါတယ်။

ရေကုသိုလ်အတွက် အလှူငွေ ငါးသိန်းလှူဒါန်းခဲ့တာပါ။ဦးခင်လှိုင်က သူ့ရဲ့ fb မှာ

“ရေကုသိုလ်ရှင်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်
အကယ်ဒမီ ပြေတီဦး+အိန္ဒြကျော်ဇင် မိသားဓု
ရေကုသိုလ်အလှုတော် ၅၀၀၀၀၀/ငါးသိန်ကျပ်ကိုလက္ခံရရှိပါတယ် ချစ်ညီလေးမိသားစု ရေအကျိုးဆယ်ပါးနှင့်ပြည့်ပါစေ..ပါဝင်လှူဒန်းလိုပါက …09787500199…09778111200…နှင်ရွာလူကြီးဖုန်း 09445586402 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ ..” ဆိုပြီးတင်ထားပါတယ်။

  

မကွေးတိုင်း၊မကွေးမြို့နယ်၊ကြာကုန်းတဲတိုက် ၊ မကွေးမြို့နဲ့  ၂၅..မိုင်အကွာတည်ရှိနေတဲ့ ရေရှားပါးတဲ့ ဒုက္ခခံ စားနေ ရတဲ့ ရွာလေးမှာ ရေတွင်းတူး၊ရေလှောင်ဖို့အုတ်ကန်လေး တည်ဆောက်ပေးသွားမှာလို့ သိရပါတယ်။

from ဦးခင်လှိုင်ရဲ့ fb