အနုပညာလောကရဲ့ နာမည်ကျော် မင်းသား ပြေတီဦးနဲ့ မင်းသမီး အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေမှာ အောင်မြင်မှု အသီးသီရရှိထားပြီး ကြိုးစားမှုကြောင့်လည်း အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားကြတဲ့ သရုပ်ဆောင်စုံတွဲဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ ဟောင်ကောင်မှာ ကြော်ငြာရိုက်ကူးဖို့အတွက် ရောက်ရှိနေပါတယ်။ ဟောင်ကောင်မှာ အပျော်ကြီးပျော်နေကြတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

သူတို့ဇနီးမောင်နှံ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားကတော့ ပရိသတ်အားပေးမှု တခဲနက်ရခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ပရိသတ်တွေက အိန္ဒြာကျော်ဇင်အတွက်  “ရင်ဘတ်ထဲကဓား” ဇာတ်ကားမှာ အကယ်ဒမီရမယ်လို့ မှန်းထားကြပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အနုပညာလျှောက်လမ်းမှာ ကိုယ့်စီအောင်မြင်မှုတွေရရှိနေပါတယ်။

 ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူတို့ဇနီးမောင်နှံက “ညစ်တွန်း” ဆိုတဲ့ ဇာတ်ကားမှာ အတူတူ ပါဝင်သရုပ်ဆောင်ထားခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ လူမင်းဖြစ်ပြီး ပြေတီဦး၊  အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့ အပြင်တခြား အနုပညာရှင်တွေ အများကြီး ပါဝင်ထားတယ်လို့လည်း သိရပါတယ်။

 source : Eaindra Kyaw Zin