တစ်ချိန်တုန်းက နာမည်ကြီးအောင်မြင်ခဲ့ကြတဲ့ မင်းသမီးကြီးနှစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်နဲ့ ဟန်နီထွန်းတို့ရဲ့ပြသနာကတော့ (၂၀၁၇) ကတည်းက စခဲ့တာဖြစ်ပြီး မကြာခဏစသလို အခြေအတင် ပြဿနာဖြစ်ခဲ့ကြလို့ ပရိသတ်တွေကြား စိတ်ဝင်စားစရာတစ်ခုဖြစ်နေခဲ့ပါတယ်။

မနေ့က (၁၉)ရက်နေ့မှာကျရောက်ခဲ့တဲ့ မြတ်ကေသီအောင်ရဲ့မွေးနေ့မှာ “Happy Birthday to Me..46 နှစ်ပြည့် မွေးနေ့ ကိုယ်တယောက်ထဲပေါ့… ဘယ်သူ့မှ ဘေးမှာမရှိပေမဲ့… ရှိနေစေချင်တဲ့သူကတော့ ရင်ဘတ်ကြီးထဲရှိတာပေါ့…ဒါပေမဲ့လည်းလေ… တယောက်နဲ့ တယောက် ဆုံကြရတာဟာ ရေစက်ဆိုပေမဲ့ တခါတလေမှာ အဲ့ရေစက်တွေက ဝဠ်ကြွေးဆပ်ဖို့အတွက် ဖြစ်လာမယ်ဆိုရင်တော့ တယောက်ထဲပဲ ကောင်းပါတယ်… ” လို့ဆိုခဲ့ပါတယ်။

အခုမှာလည်း ဟန်နီထွန်းက မြတ်ကေသီအောင် ရဲ့မွေးနေ့ post နဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ အခုလိုပြောခဲ့တာတွေ့ရပါတယ်။ ဟန်နီထွန်းက မြတ်ကေသီအောင်ရဲ့ မွေးနေ့မှာ တင်ခဲ့တဲ့ post ရဲ့ link ကို ပြန် share ပြီး “ဆုတောင်းလေ ဆုတောင်းလေ” လို့ပြောထားတာတွေ့ရပါတယ်။

ဟန်နီထွန်းကတော့ မြတ်ကေသီအောင်ရဲ့ မွေးနေ့မတိုင်ခင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှာလည်း post တစ်ခုတင်ထားခဲ့ပါတယ်။ “သေဖို့တရက်ပိုနီးလာပြီ တဏှာစိတ်တွေလျှော့တော့” ဆိုပြီး တစ်နည်းအားဖြင့် မြတ်ကေသီအောင်ကို သွယ်ဝိုက်ပြောထားတာလို့ ယူဆရပါတယ်။ သူတို့နှစ်ယောက်ရဲ့ပြဿနာကတော့ တစ်စထက်တစ်စ ပိုကြီးလာလို့ စိတ်ပူနေကြတဲ့ပရိသတ်တွေလည်း ရှိလို့နေပါတယ်။ ဟန်နီထွန်းက ဂျပန်နိုင်ငံမှာ အခြေချ နေထိုင်လျက်ရှိပြီး မြတ်ကေသီအောင်ကတော့ မြန်မာနိုင်ငံမှာပဲ အနုပညာအလုပ်တွေ လုပ်ကိုင်နေသေးပေမယ့် အရင်လို သိပ်မတွေ့ရတော့ပါဘူး။

source : Honey Htun