အဆိုတော် မင်းသမီးချော စန္ဒီမြင့်လွင်(ခေါ်) ဒီးဒီးကတော့ မကြာခင်မှာ ချစ်ရတဲ့သူနဲ့ လက်ထပ်ရတော့မှာမို့ အပျော်ကြီးပျော်နေပါတယ်။ သူမရဲ့ မင်္ဂလာပွဲမတိုင်ခင် Pre Wedding ဓာတ်ပုံလေးတွေကို လူမငကွန်ယက်ကနေ မျှဝေပေးခဲ့ပါတယ်။ သူမရဲ့Pre Wedding ဓာတ်ပုံတွေကိုတော့ ပုဂံမြို့နဲ့ ကမ်းခြေတစ်နေရာမှာ ရိုက်ခဲ့ပြီး တစ်ချို့ကိုတော့ ပြည်ပမှာ ရိုက်ကူးခဲ့တာပါ။

စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာပွဲကတော့ မတ်လမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ Pre Wedding ဓာတ်ပုံတွေအတွက် အဝတ်အစားနဲ့ ဖတ်ရှင်ပိုင်းကို အင်္ကျီ (Ma Pont) ၊ အမျိုးသားရဲ့ အင်္ကျီ (Sandar Aung) ၊ ဓာတ်ပုံ (Aung Zaw) ၊ Retouch (Ko Nyi) ၊ မိတ်ကပ် (Nyi Nyi Maung) ၊ ဇာဒီဇိုင်း ( BKK Silk & Lace Su Su Myo Aye) တို့က ပါဝင်ကူညီ အားဖြည့်ပေးခဲ့ပါတယ်။

ဒီးဒီးက ဒီလိုအားဖြည့်ပေးခဲ့ကြတဲ့ သူတွေကို “ပုံလှလှလေးတွေအတွက် အားလုံးကို ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ရှင် … မျက်စိနောက်ရင်လည်း သည်းခံကြည့်ပေးကြပါရှင့် … ဟီး ကျေးဇူးတင်စကားပြောရမယ့်သူတွေ များနေလို့ ပါနော် ” လို့ရေသားပြီး သူမရဲ့ Facebook ပေါ်မှာ တင်ထားပါတယ်။

source : Sandi myint lwin’s fb