စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ သီချင်းတစ်ပုဒ်” MV နဲ့ အတူ နာမည်ကြီးခဲ့သူလေးကတော့ ဆေးကျောင်းသူလေး ပိုးမမှီ သာပါ။ပိုးမမှီသာကတော့ ပြီးခဲ့တဲ့ ရက်ကမှ အသက် (၂၁)နှစ်ပြည့်သွားခဲ့တာပါ။ သူမရဲ့ အသက် (၂၁) နှစ်ပြည့် မွေး နေ့ အလှူအဖြစ် မေလ (၁)ရက်နေ့တုန်းက ရန်ကုန်ဆေးရုံကြီး မှာ စတုဒီသာ လှူဒါန်းခဲ့ပါတယ်။

မွေးနေ့အလှူလေးမှာတော့ ပိုးမမှီသာက မြင်နေကျအတိုင်း မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှပနေတာကို တွေ့ရမှာပါ။သူမဟာ ရန်ကုန် ဆေးတက္ကသိုလ် (၁) Queen of 2013 Batch တစ်ယောက် ဖြစ်သလို အခုဆိုရင် တော့ ပရိသတ်အားပေးမှု ရရှိတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ မွေးနေ့အလှူမှာ ရိုးရိုးလေးနဲ့ လှနေခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

from ပိုးမမှီသာရဲ့ fb