အဆိုတော် မင်းသမီးချောလေးပိုပိုကတော့ ဂီတဘက်မှာ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အဆိုတော်ဖြစ်သလို သရုပ်ဆောင်အလုပ်တွေလုပ်တော့လည်း ပရိသတ် ချစ်ခင်အားပေးမှု ရရှိထားသူပါ။ ပိုပိုလေးကတော့ မကြာခဏဆိုသလို အလှူလေးတွေ လုပ်တာကို တွေ့ရပါတယ်။ သူမကိုယ်တိုင်လည်းလှူသလို တခြားသူတွေကိုလည်း လှူဖို့ ဆော်သြတဲ့ စာလေးတွေကို သူမရဲ့ fb မှာ မကြာခဏ တွေ့ရပါတယ်။

မတ်လ (၂)ရက်နေ့တုန်းကလည်း အကူအညီလိုအပ်နေတဲ့ သက်ကြီး အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဦးစိန်ရိုး ၊ ဦးသက်ဝေ နဲ့ ဒေါ်ကစ်ကစ်တို့ဆီကို သူမကိုယ်တိုင်သွားရောက်ပြီး ထောက်ပံ့ကူညီ အားပေးခဲ့ပါသေးတယ်။ သူမရဲ့အလှူတွေဟာ ပွဲစီစဉ်သူတွေ၊ ပွဲခေါ်တဲ့သူတွေရဲ့ အလှူပါပဲလို့ ပိုပိုက သူမရဲ့ fb ကတစ်ဆင့်ပြောခဲ့ပါတယ်။ အလှူ ဒါနလေးတွေမကြာမကြာ လုပ်တတ်တဲ့ ပိုပိုက ဒီတစ်ခါမှာတော့….

မီးဘေးသင့် ပြည်သူတွေ အတွက် ငွေကြေးလှူခဲ့ပါတယ်။ ရေစကြိုမြို့ နယ်က သစ်ကြီးတောရွာမှာ နေထိုင်ကြတဲ့ မီးဘေးသင့် ရွာသူရွာသားတွေရဲ့ အိုးအိမ်တွေ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးခဲ့တာပါ။ အလှူငွေ (၁၀၀,၀၀၀)ကျပ်   ကူညီလှူဒါန်းခဲ့တာပါ။

from ပိုပိုရဲ့ fb