ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကိုလူပြောများနေတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ MH Lady Shoes & Sandals ရဲ့ (၂)နှစ်ပြည့်ပွဲကိုတက်ရောက်ခဲ့တဲ့ ပုံလေးတွေပါ။

MH Lady Shoes& Sandals (၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ ကံထူးရှင်ရွေးချယ်ပွဲကိုတက်ရောက်ခဲ့တဲ့ ပုံလေးတွေပါ။ ပုံတွေထဲမှာတော့ အပြာရောင် မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှနေတဲ့ ဖြူဖြူထွေးကို တွေ့ရမှာပါ။ ပုသိမ်ထီးလေးကိုဆောင်းပြီးတော့လည်း pose ပေးထားတာကို တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ ဒီရက်ပိုင်းမှာ Troller တွေကြားမှာ လူပြောများနေပါတယ်။ မိန်းကလေးတွေရဲ့ကြားမှာ ရေပန်းအရမ်းစားနေတဲ့ စိုင်းစိုင်းကို Troller တွေက ဖြူဖြူထွေးနဲ့အတင်းလိုက် TROLL နေတဲ့အတွက် စိုင်းစိုင်းပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုဒဏ်တွေကို တော်တော်လေးခံနေရပါတယ်။

“ရဲရဲနီတဲ့ သွေးများဟာ ဆူပွက် ဒီအချိန်မှာ ဘယ်သူ သဘောတူတူ မတူတူ ကျွန်မ မယူနိုင်သေးဘူး..” ဆိုတဲ့ POST နဲ့ အဲ့ဒီ post အောက်က comment မှာ “ဖြူဖြူထွေး တရားနဲ့ သာဖြေသိမ့်လိုက်ပါ ??????အဲ့လိုလေးပဲ ထာဝရ ပြုံးနေပေးပါနော် ကံဆိုတာ ပြောလိုမရဘူး ကိုယ်ဘက်က ဘာစိတ်မှမရှိဘူး ဒါပေမဲ့ ဘုရားသိပါတယ် ကိုယ်စောင့်နတ်လဲသိတယ်ဆိုတာ ယုံကြည်ပြီးသားပါ..” လို့ ရေးခဲ့ပါတယ်။

from ဖြူဖြူထွေးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။