ဟာသဗီဒီယိုဖိုင်တွေကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးလာသူလေးကတော့ ဖြူဖြူထွေးပါ။ သူမလို ဟာသဗီဒီယိုဖိုင်တွေတင်ပြီး နာမည်ကြီးလာတဲ့ မိန်းကလေးဆယ်လီ မရှိသလောက်ကို နည်းပါးပါတယ်။ နာမည်စကြီး လာချိန်မှာပဲ အနောက်တိုင်းအကကို မြန်မာဝတ်စုံနဲ့ကမိတဲ့ကိစ္စ၊ နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ၀ိုင်းပြီး Troll ကျတာကြောင့် အဲ့ဒီအဆိုတော်ရဲ့ fan တွေရဲ့ ဝေဖန်တိုက်ခိုက်မှုအစရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရသူပါ။

ဒါပေမယ့် ပင်ကိုယ်စိတ်ကိုက ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက ဝေဖန်ပြောဆိုလာမှုတွေအပေါ် အပြုံးမပျက် တုံ့ပြန်ပြီး သူမရဲ့ အနုပညာအလုပ်တွေကိုပဲ အာရုံစိုက်ခဲ့တာကြောင့် အခုဆိုရင် နေရာတစ်နေရာ ရရှိအောင်မြင်နေပါပြီ။

ဖြူဖြူထွေးက သူမရဲ့ FB မှာ… “ဆိုင်း ကြိုက်တဲ့မောင်ထက် ဆိုးတဲ့
ဆိုင်း ကြိုက်တဲ့ ဖြူ???ပါ…”  ဆိုတဲ့စာသားနဲ့ အတူ ဟာသဗီဒီယိုဖိုင်သစ်လေး တစ်ခု တင်ထားပါတယ်။ တင်ပြီး တစ်နာရီလောက်အကြာမှာပဲ ကြည့်ရှုသူ (52K Views) အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

ဆိုင်း ကြိုက်တဲ့မောင်ထက် ဆိုးတဲ့ဆိုင်း ကြိုက်တဲ့ ဖြူ???ပါ

Posted by Phyu Phyu Htwe on Tuesday, December 26, 2017

FROM ဖြူဖြူထွေးရဲ့FB