ပြည်သူ့အချစ်တော် ဖွေးစိန်ကို တော့  ပိုင်ဖြိုးသု၊ အိချောပို၊ အလင်းရောင်တို့နဲ့အတူ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ “3Girls” ဇာတ်ကားထဲမှာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာ (၁၅)ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပြီး ဖွေးစိန်လေးကတော့ ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ မန္တလေးက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဖွေးစိန်လေးက သူစိတ်အပင်ပန်းဆုံးနဲ့ အကြောက်ဆုံးဖြစ်တဲ့ စိတ်ပုတ်ရတာကို “3Girls” ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားလို့ ပုတ်စိန်လေးကို လာအားပေးကြပါဆိုပြီး သူရဲ့ ဖေ့စ်ဘုတ်မှာလည်း တင်ထားပါသေးတယ်။

“3Girls”ဇာတ်ကားရဲ့ Press Show ကိုတော့ ဒီဇင်ဘာလ ၁၀ရက်နေ့ တနင်္ဂနွေနေ့မှာ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

Source: Phway Phway facebook, 3Girls page

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။