ပြည်သူ့အချစ်တော်နှစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ခင်ဝင့်ဝါတို့ကတော့ လက်ရှိရုံတင်ပြသနေတဲ့ “တာတေကြီး” ဇာတ်ကားကို သွားရောက်အားပေးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ နေတိုးက “မမတာ” ဆိုပြီး သရုပ်ဆောင်ထားတာပါ။

 

ဖွေးဖွေးကတော့ ဒီဇာတ်ကားကို သူမရဲ့သူငယ်ချင်း စာရေးဆရာမ မာရင်ရင်နဲ့အတူ သွားကြည့်ခဲ့တာပါ။ ဖွေးဖွေးရဲ့ဇာတ်ကားသစ် 3Girls လည်း မကြာခင်မှာ ရုံတင်ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။

တာတေကြီးမှာတော့ ဒီဇာတ်ကားမှာတော့ မင်းသားနေတိုးက မိန်းကလေးအ၀တ်အစား၊ gay ပုံစံမျိုးနဲ့တွေ့ရမှာပါ။ သရဲကားတစ်ကားဖြစ်သလို တာတေ ဆိုတဲ့ Gay တစ်ယောက်ရဲ့ ဘ၀ကိုဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါ တယ်။ အိန္ဒိယရုပ်ရှင် Kanchana ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။ ဒါရိုက်တာကတော့ ၀ိုင်းပါ။ လက်တလောမှာ လူပြောများနေတဲ့၊ ပရိသတ်အကြိုက်တွေ့နေတဲ့ ဇာတ်ကားတစ်ကားပါ။

ဖွေးဖွေးနဲ့ခင်ဝင့်ဝါတို့ကတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ လူချစ်လူခင်အများဆုံး၊ Anti-fans အနည်းဆုံး အနုပညာရှင်ေ တွထဲမှာ ပါဝင်ကြသူတွေပါ။

from ခင်ဝင့်ဝါနဲ့ဖွေးဖွေးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။