နိုင်ငံကျော် ထိပ်တန်းမင်းသမီးအဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ ဖွေးဖွေးက ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်သလို အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူပါ။ ဒါ့အပြင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ ပရိသတ်ချစ်မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

ဖွေးဖွေးကို ပရိသတ်တွေက ချစ်လွန်းလို့ ဖွေးစိန်လို့ ချစ်စနိုးခေါ်ရတဲ့အဆင့်ထိပါပဲ။ အခုမှာတော့ ချစ်စရာမျက်နှာအမှုအရာနဲ့ ပီပြင်တဲ့သရုပ်ဆောင် စွမ်းရည်တွေကြောင့် ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားရတဲ့သူမကို  ချစ်ပရိသတ်တွေက ချစ်သူများနေ့အထိမ်းအမှတ်နဲ့လက်ဆောင်တွေပေးပို့ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီလိုရခဲ့တာနဲ့ပတ်သက်ပြီး ဖွေးဖွေးက သူမရဲ့ဖေ့ဘွတ်စာမျက်နှာကနေ “ကျေးဇူးများကြီးတင်ပါတယ်ရှင့်… ချစ်ယူ..”လို့ရေးထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေဆီက ရတဲ့လက်ဆောင်တွေကြောင့် ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source :Phway Phway