ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖွေဖွေးရဲ့ Facebook Page ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ <M4L_F4M!1Y>ဆိုတဲ့ ဟက်ကာအဖွဲ့ရဲ့ Hack တာကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဖွေးဖွေးရဲ့ Shwe Ye Ko Oo ဆိုတဲ့ အကောင့်ပါ အဟက်ခံခဲ့ရတာ ဖြစ်ပါတယ်။

စိုးရိမ်နေတဲ့ ပရိသတ်တွေကိုတော့ ဖွေးဖွေးက Viber ကနေပြီးတော့ စိတ်မပူဖို့ပြောခဲ့ပါတယ်။

နိုဝင်ဘာလ (၂၁)ရက်နေ့မှာတော့ Bella Cosmetics နှင့်တကွ IT Heros အဖွဲ့ဝင်များ၊ ဖွေးဖွေးရဲ့ Page Admins များ၊ Facebook Team တို့ရဲ့အကူအညီနဲ့ ဖွေဖွေးရဲ့ Facebook Page ကို ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ အနုပညာသက်တမ်းတစ်လျှောက် (၉)နှစ်၊ (၁၀)နှစ်တာကာလအတွင်းမှာ ဖွေးဖွေးရဲ့ အမှတ်တရများစွာရှိနေတဲ့ Facebook Page လေးကို ဟက်ကာတွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့ပုံပေါ်ပါတယ်။

လောလောဆယ် ဂန့်ဂေါမှာ ရုပ်ရှင်ရိုက်နေတဲ့ ဖွေးစိန်လေးကတော့ သူရဲ့ Facebook Page ပြန်ရပြီးနောက်မှာ ပရိသတ်တွေကို စိတ်မပူကြဖို့ ပိုစ့်တင်ပြီးပြောထားပါသေးတယ်။

Soource: Phway Phway facebook page

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။