ဖွေးဖွေးနဲ့ စာရေးဆရာမ မာရင်ရင်တို့ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ တခါတလေ နှစ်ယောက်သား အတူသွား၊ အတူစားကြတဲ့ ပုံလေးတွေကို ဖွေးကရော၊ ဆရာမ မာရင်ရင်ရော သူတို့ရဲ့ FB မှာ တင်ကြတာကိုလည်း တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ် အရမ်းဂရုစိုက်ကြတဲ့သူငယ်ချင်းတွေပါ။

ဖွေးက SYKO ဆိုတဲ့နာမည်နဲ့ သူ့ကိုယ်ပိုင် အ၀တ်အစား Brand တစ်ခု ထုတ်ထားပါတယ်။ သူမရဲ့ SYKO ကိုသူငယ်ချင်းကို လက်ဆောင်ပေးလိုက်ပါတယ်။ “ချစ်ဆုံးသဲရင်း မာရင်ရင်အတွက် with love ” ဆိုတဲ့ စာလေးကို ရေးပြီး လက်ဆောင်ပေးခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် အင်္ကျီကိုဝတ်ပြီးတော့လည်း ဓါတ်ပုံတွေ အတူတူရိုက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဖွေးရဲ့ 3 Girls ရုပ်ရှင်ကားရုံတင်ပြသနေပါတယ်။ ဒီကြားထဲမှာ ဒါရိုက်တာဝိုင်း ၊ အလင်းရောင်တို့နဲ့အတူ “သတို့သမီးရဲ့လျှို့ဝှက်ချက်” ဇာတ်ကား အတူရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။

 

from မာရင်ရင်နဲ့ဖွေးဖွေးရဲ့ fb