ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ အကယ်ဒမီဆုရှင် မင်းသမီးဖွေးဖွေးကတော့ မြန်မာရုပ်ရှင်လောကအပေါ် ပေါကား လို့ မြင်တဲ့သူတွေကို ရှင်းပြပေးလိုက်ပါတယ်။ သူမက ဟာသကားတိုင်းကို ပေါကားလို့မျက်စိမှိတ် နားပိတ်အော်နေရင် မှားမှာဖြစ်ကြောင်း ၊ ဟာသကားဖြစ်ပြီး တကယ်မရယ်ရမှ ပေါကားဖြစ်ကြောင်းကို ဖွင့်ဟလာတာ တွေ့ရပါတယ်။ 

ဇာတ်လမ်းဇာတ်ကွက်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးဖွေးဖွေးက”ဟာသကားတိုင်း ကို ပေါကား လို့ မျက်စိမှိတ် နားပိတ် အော်နေရင်တော့ မောင်မင်းမှားလိမ့်မယ် ကွယ်…Very Good Real Comedy တွေ ဆို အိုင်လဲ သိပ်ကြိုက်တာပဲလေ ..ဟာသ ကားဖြစ်ပြီး တကယ်မရယ်ရမှ .. Romance ကားဖြစ်ပြီး ရင်ခုန်မှင်သက်စရာမကောင်းမှ .. သရဲကားဖြစ်ပြီး ကြောက်စရာမကောင်းမှ .. သည်းထိပ်ရင်ဖိုကား ဖြစ်ပြီး ပျင်းစရာကောင်းနေမှ … တန်ဖိုးမရှိတဲ့ ပေါကား … ဒါမျိုးပေါကားတွေကျတော့ ကိုယ်တိုင်လဲပရိတ်သတ်နေရာကနေ မကြိုက်ဖူး …”

ဆက်လက်ပြီး “တကယ်ဟာသမြောက်တဲ့ ဟာသကားဆိုရင်တော့ ဒါ အနုပညာထဲက အနုပညာအမျိုးအစားတခုပဲလေ..ကြိုက်တယ်.. တယောက်နဲ့ တယောက်လည်း အကြိုက် မတူနိုင်သလို မတူတာကိုလဲ လူအချင်းချင်း အပြစ်လိုက်ဖို့ ကိုယ့်နလုံးသားနဲ့ ကိုယ်လွတ်လပ်စွာကွဲလွဲမှု အပေါ် စိတ် အနှောက်အယှက် ပြစ်မှုအကြီးကြီး တခုလို လိုက် လိုက် ပြော နေရတာ မော မစိုးလို့ … ကြည့် ပေ့စေပေါ့! ကိုယ့်မျက်စိနဲ့ ကိုယ် ! သူ့မျက်စိနဲ့သူ!ဒါပဲ! (မြင်ယောင်သေး ပေါကားအကြောင်း ရှင်းပြလိုက်တဲ့ ဖွေးဖွေး ဆိုပြီး တက်လာဦးမှာ ^_^) ပုံ/ စိတ်လွတ်လပ်ရေးသမား” လို့ဖွင့်ဟလာခဲ့ပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးထားတာတွေ့ရပါတယ်။

source : Phway Phway