မင်းသမီးလေး ဖွေးဖွေးကတော့ နိုဝင်ဘာလအစပိုင်းလောက်မှာရုပ်ရှင် ရိုက်ကူးရေးအတွက် ဂန့်ဂေါမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကားရဲ့ နာမည်ကတော့ ‘မုန်းစွဲ’ လို့ အမည်ရပြီး နာမည်ကျော်မင်းသား နေတိုးလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ကားမှဆိုရင်တော့ ဖွေးဖွေးဟာ မသည်းအုံဆိုတဲ့ ဇာတ်ရုပ်နေရာကနေ  ပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ်။ဂန့်ဂေါမြို့ကို ရောက်ကတည်းက ဓါတ်ပုံလေးတွေတင်ပြီး ပျော်နေတဲ့ ဖွေးဖွေးကတော့ ဂန့်ဂေါမြိုရဲ့ လှပတဲ့ စိမ်းစိုစို ရှုခင်းတွေနဲ့ ရိုက်ထားတဲ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ထပ်ပြီးတော့ တင်ပေးထားပါတယ်။

source- Phway Phway facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။