အခုနောက်ပိုင်းမှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဆယ်လီတွေရဲ့ Page နဲ့ fb အကောင့်တွေဟာ ဆိုက်ဘာ တိုက်ခိုက်သူ ဟက်ကာတွေရဲ့ အဓိကပစ်မှတ်ထားခံတဲ့ သားကောင်ဖြစ်လာခဲ့ပါတယ်။ တလောကလည်း မင်းသမီး သက်မွန်မြင့်ရဲ့fb page အဟက်ခံလိုက်ရပါသေးတယ်။ အခုတစ်ကြိမ်ကတော့ အားလုံးက ဖွေးစိန်လေးလို့ ချစ်စနိုးအခေါ် ခံရတဲ့ ဖွေးဖွေးပါ။

ဖွေးဖွေးကတော့ သူမရဲ့ fb Page ရော Shwe Yee Ko Oo ဆိုတဲ့ အကောင့်ပါ အဟက်ခံလိုက်ရတာလို့ ဖွေးဖွေးကို ချစ်တဲ့ fan တွေစုဖွင့်ထားတဲ့ fan page အကောင့်က ဆိုထားပါတယ်။ ဖွေးက သူမရဲ့ viber အကောင့်ကနေ တစ်ဆင့်လည်း ပရိသတ်တွေကို စိတ်မပူကြဖို့ မက်ဆေ့ခ်ျတွေ ပို့ထားတာကိုလည်း တွေ့ရပါတယ်။

ဖွေးဖွေးရဲ့ fb စာမျက်နှာမှာဆိုရင် followers အရေအတွက် အများကြီှးရှိပြီး ဆိုရှယ်မီဒီယာပေါ်မှာ followers အများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။

ဖွေးဖွေးဟာ လက်တလောမှာတော့ ဂန့်ဂေါမြို့မှာ “မုန်းစွဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးနေပါတယ်။ မုန်းစွဲရုပ်ရှင် ရိုက်ကူးရေးနားတဲ့ရက်မှာ ဂန့်ဂေါလမ်းပိုင်းတလျှောက် ကျောက်ထုလမ်းခင်းနေသူများအတွက် နေ့လည်စာ အာဟာရဒါန ပြုခဲ့ပါသေးတယ်။

from We Love Shwe Yee Ko Oo Page

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။