နှစ်သစ်မှာ ချစ်ရတဲ့သူနဲ့အိမ်ထောင်ပြုသွားခဲ့ပြီးဖြစ်တဲ့ ပရိသတ်တွေရဲ့ အသည်းကျော် ယွန်းဝတီလွင်မိုးကတော့ လက်ရှိ Hearty Heart ရဲ့ ကြော်ငြာတွေ ရိုက်ကူးနေခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးက ပရိသတ်အလွမ်းပြေ ဓာတ်ပုံတွေကို သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ မျှဝေနေခဲ့ပါတယ်။ စတိုင်အသစ်နဲ့ ချစ်စရာကောင်းနေတဲ့ အိမ်ထောင်ရှင်မလေး ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇန်န၀ါရီလ (၄)ရက်နေ့မှာ ချစ်ရသူနဲ့မင်္ဂလာပွဲကျင်းပခဲ့ပြီး အသက် (၁၉)နှစ်သာရှိသေးတဲ့ သူမကို ပရိသတ်တွေက နှမြောနေခဲ့ကြပါတယ်။ ယွန်းဝတီလွင်မိုးက အနုပညာအလုပ်ထက် အဖေဖြစ်သူ သရုပ်ဆောင်လွင်မိုးနဲ့အတူ စီးပွားရေးဘက်မှာ အောင်မြင်ချင်လို့ ပညာရေးနဲ့ စီပွားရေးဘက်ကို အာရုံစိုက်နေတာပဲဖြစ်ပါတယ်။ Hearty Heart ရဲ့ကြော်ငြာရိုက်ကွင်းမှာတွေ့ရတဲ့ ယွန်းဝတီလွင်မိုးရဲ့ ပုံရိပ်လေးတွေက အရမ်းကို လှနေခဲ့လို့ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပြန်ပါတယ်။

photo: Aung Ye Lin