မြန်မာ့ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ယွန်းယွန်းကတော့ လတ်တလောမှာ ပထမနှစ်စာမေးပွဲကြီးကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယွန်းယွန်းကတော့ ပညာဘက်မှာ ကြိုးစားခဲ့သလို၊ အနုပညာဘက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီရွှေစင်ဆုကို ရယူထားနိုင်ခဲ့သူပါ။

အခုဆို ယွန်းယွန်းဟာ သူမအပြုံးတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ပရိသတ်တွေသိအောင် ပြောပြခဲ့ပါတယ်။ သူမမျက်နှာ ဘယ်လိုပဲ ဆူပုတ်ပုတ်ဖြစ်နေပါစေ၊ သူမကို ပြုံးသွားစေနိုင်တဲ့ လျှို့ဝှက်ချက်ကလေး ရှိနေတယ်လို့ ဆိုပါတယ်။ တကယ်လည်း ယွန်းယွန်းဟာ အဲဒီအရာလေးနဲ့တွေ့တိုင်း အမြဲတမ်း ပြုံးနေတာကို သင်တို့ တွေ့ရမှာပါ။

ယွန်းယွန်းရဲ့ မျက်နှာလေးကို ချက်ချင်းပြုံးလာစေအောင် လုပ်နိုင်တာကတော့ ကင်မရာပဲဖြစ်ပါတယ်။ စူပုတ်နေတဲ့ ယွန်းယွန်းကို ပြုံးသွားစေချင်ရင် Cameraနဲ့သာ ချိန်လိုက်ပါနော်။ သူမရဲ့ ချစ်စဖွယ်အမူအယာနဲ့ ဓာတ်ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

source : YoonYoon’s fb