ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချော ယွန်းယွန်းဟာ သရုပ်ဆောင်ရာမှာ ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူပဲဖြစ်ပါတယ်။ အနုပညာလောကထဲကို ငယ်ငယ်တည်းက ၀င်ရောက်လာသူဖြစ်ပြီး အခုချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားပါတယ်။

ဆံပင်ရှည်လေးက သူမရဲ့အလှကို ပိုပေါ်လွင်စေသလို အခုဆိုရင် ဆံပင်ရှည်လေးကို highlight လုပ်လိုက်တော့ ပိုပိုပြီးချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။ သူမရဲ့ဆံပင်ရှည်လေးကို အားကျနေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါတယ်။

လက်ရှိမှာတော့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားအနေအဖြစ် တိုင်ရွန်နဲ့ တွဲဖက်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ယွန်းယွန်းရဲ့ ချစ်စရာပါးချိုင့်လေးနဲ့ ဆံပင်ရှည်လေးဟာ သူမရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။

source : Yoon Yoon