ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရနေတဲ့ “REFLECTION” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော် စူပါမင်းသမီး (၄)ယောက်က အထူးပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်ကြတဲ့ ထွန်းအိဒ္ဒြာဗိုလ် ၊ အိဒ္ဒြာကျော်ဇင် ၊ ၀တ်မှုန်ရွှေရည် နဲ့ ပတ်ထရစ်ရှာ တို့ရဲ့ အမိုက်စားဖက်ရှင်တွေ ၊ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီး (၄)ယောက်စလုံး အပြိုင်သရုပ်ဆောင်ရမှာပဲဖြစ်ပြီး အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ပရိသတ်တွေကို Reflection ရဲ့ဇာတ်အိမ်က ဘယ်လိုမျိုးလဲဆိုတာကို ပဟေဠိ ဖွတ်ထားကြပါတယ်။

ဒီဇာတ်ကားမှာတော့ ၀တ်မှုန်ရွှေရည်က “ကျွန်မက စစ်တုရင်ခုံပေါ်က နယ်ရုပ် ၊ တကယ်လုပ်ရင်တော့ ဘုရင်မကိုတောင် စားလို့ရတယ် ” ဆိုတဲ့ ကိုကိုး အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Reflection ဇာတ်ကားမှာ မင်းသမီး (၄)ယောက်စလုံးကတော့ ဖက်ရှင်အလန်းစားတွေ နဲ့ တွေ့ရမှာ ဖြစ်လို့ ဘယ်လိုဇာတ်ကားမျိုးဖြစ်မလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

source : Wutt Hmone ShweYi