အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ ၀တ်မှုန်ရွှေရည်ကတော့ သူမရဲ့ သရုပ်ဆောင်မှုတွေ၊ လိုက်ဖက်အောင်ဝတ်တတ်တဲ့ အ၀တ်အစားဒီဇိုင်းတွေကြောင့် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်တဲ့နေရာမှာလည်း ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကို ပိုင်ဆိုင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။ သူမရဲ့ နောက်ထပ်နာမည်ကြီး ဇာတ်ကားကတော့ “Reflection” ရုပ်ရှင် ဇာတ်ကားပဲဖြစ်ပါတယ်။ ၀တ်မှုန်ရွှေရည်ကတော့ အနုပညာအခမ်းအနားပွဲတိုင်းရဲ့ ဖွင့်ပွဲတိုင်းလိုလိုမှာ ဖိတ်ကြားခံရတဲ့ နိုင်ငံကျော် မင်းသမီးပဲဖြစ်ပါတယ်။ သူမက ပုံတွေမတင်တာကြာလို့ဆိုပြီး ရိုးရိုးရှင်းရှင်းလေးလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါသေးတယ်။

source : Wutt Hmone Shweyi