နှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော် မော်ဒယ်လ် မင်းသားချော တိုင်ရွန်ကတော့ သီချင်း MTV တွေအပြင် အခုဆိုရင် ရုပ်ရှင် ဗီဒီယိုတွေမှာပါ သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကို ပိုင်ဆိုင် ထားရတဲ့ တိုင်ရွန်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး  “ပရိသတ်ကပေးထားတဲ့နေရာတစ်နေရာကိုယူပြီး ပရိသတ်မကြိုက်တာကို မလုပ်သလို ဘယ်တော့မှ  ရည်းစားထားဖို့လည်းအစီစဉ်ကိုမရှိတာပါ” လို့ဆိုခဲ့ပါတယ်။

တိုင်ရွန်ရဲ့ ခန္ဓာကိုယ် တောင့်တင်းမှုကြောင့် အ၀တ်အစားဝတ်လိုက်တိုင်း စတိုင်မိုက်မိုက် နဲ့ စမတ်ကျနေတာပဲဖြစ်ပါတယ်။ သူက သူရဲ့လူမှုကွန်ရက်ပေါ်မှာ တစ်နေ့တာလူပ်ရှားမှုတွေ ၊ ရိုက်ကွင်းအမှတ်တရတွေကို တင်လေ့ရှိသူဖြစ်သလို အစားစားလိုက်တိုင်း ဆေးထိုးခံရတဲ့ ပုံရိပ်တွေကိုပါ မျှဝေလေ့ရှိသူဖြစ်ပါတယ်။ တိုင်ရွန်ကတော့ အစားနဲ့ပတ်သတ်ရင် အချိန်နေရာရွေးမနေဘူး လို့ဆိုတာကြောင့် မုန့်စားနေတဲ့အချိန်တိုင်း ဆေးထိုးခံရတာဖြစ်နိုင်ပါတယ်။

source : Tyron Bejay