မော်ဒယ် မင်းသမီး ရွှေစင်ကတော့ ပူအိုက်လွန်းတဲ့ နွေရာသီနဲ့ ကိုက်ညီတဲ့ အ၀တ်အစား အေးအေးလေးကို ၀တ်ပြီး ဖက်ရှင်တွေကို ထုတ်ပြခဲ့ပါတယ်။ အကျှီလက်ပြတ်လေးနဲ့နွေရာသီကို အံ့တုပြီး နေရောင်အောက်မှာ လှနေတော့ပါပဲ။ ရွှေစင်ကတော့ ယဉ်ယဉ်လေးတွေနဲ့ဆို ချစ်စရာကောင်းနေလို့ ပရိသတ်တွေကလည်း ၀န်းရံနေကြတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ရက်ပေါ်မှာ သူမက နွေရာသီမှာ အရမ်းပူအိုက်လာလို့ အေးအေးလူးလူးလေးတွေပဲ ၀တ်ပြီးနေရတာ အေးချမ်းတဲ့အကြောင်းကို အခုလိုတင်ထားတာပဲဖြစ်ပါတယ်။ “နွေရာသီ အရမ်းပူလာပြီ ဒီလိုလေးပဲနေချင်တော့တယ်
အေးချမ်းလိုက်တာ … ချစ်တို့အတွက်အပြောင်းအလဲလေးတစ်ခုဖြစ်အောင်လို့ကြိုးစားထားပါတယ် … အသည်းတစ်ခြမ်းတို့လဲ … ဇင့် ပုံလေးတွေကြည့်ပြီး အေးချမ်းတာလေးတစ်ခုခုခံစားရမယ်ဆို ကျေနပ်ပြီကွယ် …ခေါင်းပေါ်ကပန်းလေးက ကိုယ့်အမေထွေးနိုင်အပင်ပေါ်တက်ခူးပေးထားတာ ..” လို့ဆိုခဲ့ပါတယ်။

ရွှေစင်ကတော့ တချိန်က ရုပ်ရှင်ဇာတ်ကားတချို့မှာ ပါဝင်သရုပ်ဆောင်ဖူးသူပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပေမယ့် အခုမှာတော့ ဓာတ်ပုံ တွေကိုရိုက်ကူးနေပြီး ပရိသတ်တွေရှေ့ တစ်ဖန် ပြန်ဝင်ရောက်လာပြီးပဲဖြစ်ပါတယ်။

source : Shwe Sin