အဆိုတော် ရွှေထူးကတော့ အဆိုဘက်ပိုင်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးနေသူ ဖြစ်ပါတယ်။ ရွှေထူးဟာ အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရရှိနေသလို အချစ်ရေးမှာလည်း သာယာပြီး အများအားကျလောက်တဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ရွှေထူးရဲ့ချစ်သူ ယမင်းဦး က သြဇီမှာ ကျောင်းတက်နေသူဖြစ်လို့ သူတို့နှစ်ယောက်ကတော့ LDRS (Long Distance Relatioship) ပဲလို့ ဆိုရမှာပါ။ နှစ်ယောက်စလုံး အနေဝေးနေကြပေမယ့် နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်နေကြတော့ ချစ်သူသက်တမ်း (၆)နှစ်အထိ ကျော်လာခဲ့ပါပြီ။

ချစ်သူယမင်းဦးဟာ ရွှေထူးအတွက် ပါရမီဖြည့်ဘက်ကောင်းတစ်ဦးဖြစ်ပြီး ချစ်ရတဲ့သူ အောက်ခြေကနေ အမြင့်ကိုရောက်တဲ့အချိန်အထိ အတူတူ ရှိနေပေးခဲ့သူ ဖြစ်ပါတယ်။ အရမ်းကို အားကျစရာကောင်းတဲ့ စုံတွဲလေးပါဘဲ။ အခုမှာတော့ ရွှေထူးဟာ သြဇီကကနေ ခွင့်နဲ့ပြန်လာတဲ့ ချစ်သူယမင်းဦးအတွက် အချိန်ပေးခဲ့ပြီး ချစ်သူရောက်တုန်းရောက်ခိုက်မှာ ပျော်ရွှင်စရာ ဓာတ်ပုံတွေ အများကြီးရိုက်ထားတာကို တွေ့ရပါတယ်။

ရွှေထူးတစ်ယောက် အလုပ်ကြိုးစားတဲ့ရလဒ်ကြေင့် အဆိုဘက်မှာ သူထွက်သမျှအခွေတွေ အောင်မြင်သလို Oppo နဲ့ VeVe တို့ရဲ့ Brand Ambassador တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ ဒီလိုပဲ သရုပ်ဆောင်ဘက်ကလည်း ကမ်းလှမ်းမှုတွေ မြောက်များစွာ ခံနေရသူ ဖြစ်ပါတယ်။

source : Facebook