မကြာခင်လက်ထပ်ကြတော့မယ့် အဆိုတော် စန္ဒီမြင့်လွင် နဲ့ သူမရဲ့ချစ်သူတို့ကတော့ မင်္ဂဆောင်အတွက် မျက်နှာကို လေဆာပစ် ပြုပြင်ခဲ့ကြတယ်လို့သိရပါတယ်။ Pre-wedding ဓာတ်ပုံတွေမှာတောင် လှသွေးကြွယ်နေတဲ့စန္ဒီမြင့်လွင် မင်္ဂလာပွဲမှာပါ ဒီထက်မက ပိုလှနေမှာပါ။

မျက်နှာကို လေဆာပစ်ပြုပြင်လိုက်တဲ့အကြောင်းကို စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုမျှဝေပေးထားတာတွေ့ရပါတယ်။ ” ဒီဒီမျက်နှာ Wedding ကျရင်လှနေအောင်လို့ တဲ့ ဆရာဝန်ချောချောခိုခိုက လေဆာပစ် အဆီလေးနည်းနည်းဖျော်ပေါ့နော် ကျေးဇူးတင်ပါတယ် ကိုကိုဒေါက်တာရှင့် … အော်သတို့ သားလောင်းရဲ့ မျက်နှာလဲအမဲစက်လေးတွေဖျက်ပေးလိုက်သေးတယ်ရှင့် လေဆာပစ်မယ်ဆိုMy Princess Clinicကိုသတိရနော် … ” လို့ဆိုခဲ့ပါတယ်။

သူမကတော့ အရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးကို အဆီလျော့ လေဆာပစ်ပြုပြင်လိုက်တဲ့အတွက် ပိုပြီးလှနေခဲ့ပါတယ်။ သူမကတော့ လက်ထပ်ပြီးသွားရင်လည်း် အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မယ်လို့သိရပါတယ်။

source : Sandy Myint Lwin