ပရိသတ်တွေက ရှာရှာလို့ခေါ်ကြတဲ့ မင်းသမီးချောလေး စူးရှနိုင် (ခေါ်) ပတ်ထရစ်ရှာကတော့ လတ်တလောမှာ “တော်ဝင်စိန်တိုက်” လက်ဝတ်ရတနာအတွက် ကြော်ငြာ်တွေ ရိုက်ကူးပေးခဲ့ပါတယ်။ စူးရှနိုင်ဟာ သူမရဲ့ ဖေ့ဘွတ်အကောင့်ကို မသုံးတော့ဘဲ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးနေတာ ဖြစ်ပါတယ်။ သူမရဲ့ ညို့အားပြင်းလွန်းတဲ့ အလှပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

လက်ရှိ သူမရဲ့ အချစ်ရေးကတော့ သူမကို အရမ်းချစ်တတ်ပြီး ဂရုစိုက်ပေးတဲ့ချစ်သူကို ပိုင်ဆိုင်ထားရလို့ အေးအေးချမ်းချမ်း ရှိနေပါတ်။ စူးရှနိုင်က ” Reflection ” ရုပ်ရှင်ဇာတ်ကားထဲမှာလည်း “အရိပ်” အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူမက ဇာတ်လမ်းရဲ့ ဇာတ်ရုပ်ကိုလည်း ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။

source : Patricia’s fb page