မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူရဲ့ အပြုံးတွေ ၊ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ့်အချိုးအစားနဲ့ စမတ်ကျတဲ့ ဖက်ရှင်တွေကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်စားနေသူပါ။ ပိုင်တံခွန်ဟာ သီချင်းဗီဒီယိုတွေမှာ သရုပ်ဆောင်ထားတာ များပါတယ်။ သရုပ်ဆောင်လည်း ကောင်းသူတစ်ယောက်ဖြစ်သလို အဆိုဘက်ပိုင်းမှာလည်း ပိုင်နိုင်သူပါ။

လတ်တလောမှာ ပိုင်တံခွန်ကတော့ ချောင်းသာကမ်းခြေကို ရောက်ရှိနေတယ်လို့ သိရပြီး၊ ချောင်းသာမှာ အပျော်ကြီးပျော်နေတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သူ့ရဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပိုင်တံခွန်က ပရိသတ်တွေကို သူ့ရဲ့အချစ်ရေးအကြောင်း သိပ်ပြောလေ့မရှိပါဘူး။ ဒီအကြောင်းကို ထုတ်ဖော်ပြောခဲ့တာတွေလည်း မရှိခဲ့ပါဘူး။ ပိုင်တံခွန်က မော်ဒယ်လောကမှာဆိုရင် အောင်မြင်နေသလောက် ဝေဖန်ခံရမှုတွေ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေကိုလည်း ခံနေခဲ့ရသူလည်းဖြစ်ပါတယ်။ ကိုယ့်ချွေးနဲစာနဲ့လည်း မိဘကို ထောက်ပံ့နေသူလည်းဖြစ်ပါတယ်။

source : Paing Takhon’s fb