“ည” ရုပ်ရှင်ဇာတ်ကားကနေ နာမည်ရလာတဲ့ မော်ဒယ် မင်းသား ညိမ်းသော်နဲ့ အသံချိုချို အဆိုတော်မလေး ရတနာမိုင်တို့ကို သီချင်း MTV ထဲမှာ လိုက်ဖက်ညီတဲ့ စုံတွဲအဖြစ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ညိမ်းသော်ကတော့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်နေသလို MTV နဲ့ မဂ္ဂဇင်းကာဗာတွေ တော်တော်များများမှာ နေရာယူထားတာ တွေ့ရပါတယ်။

လတ်တလောမှာ အဆိုတော်ရတနာမိုင်ရဲ့ “မမေ့ပါနဲ့” သီချင်းမှာ ရတနာမိုင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ညိမ်းသော်က သူရဲ့ဖေ့ဘွတ်ပေါ်မှာ “ဒီနေ့ မရတနာမိုင် ရဲ့ ‘မမေ့ပါနဲ့’ သီချင်းရိုက်” ဆိုပြီး MTV ရိုက်ကွင်းပုံရိပ်တွေကိုပါ မျှဝေပေးထားတာ တွေ့ရပါတယ်။ ညိမ်းသော်ကတော့ လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေနဲ့ အမြဲအဆက်မပြတ်နေလေ့ ရှိသူတစ်ဦးဖြစ်ပါတယ်။

ဒီ MTV မှာတော့ ညိမ်းသော်နဲ့အဆိုတော် ရတနာမိုင်တို့ကို ချစ်စရာကောင်းတဲ့ ရိုမန်တစ်ဆန်ဆန် စုံတွဲအဖြစ်မြင်တွေ့ရမှာမို့ ပရိသတ်တွေကလည်း သဘောကျနေခဲ့ကြတာပဲဖြစ်ပါတယ်။

source : Nyein Thaw