မိန်းကလေးပရိသတ်တွေရဲ့အသဲကျော် Beauty Blogger လည်းဖြစ်တဲ့ နေခြည်ဦးကတော့ အခုဆိုရင် ရုပ်ရှင်တွေကို စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ နေခြည်ကတော့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေမင်း ၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ရိုက်ကူးနေစဉ်မှာပဲ နာမည်ကြီးရေပန်းစားနေတဲ့ ဇာတ်ကားဖြစ်ပြီး အရင်ဇာတ်ကားတွေနဲ့မတူဘဲ ယောကျာ်းလေးပုံစံနဲ့သရုပ်ဆောင်ထားတဲ့ ၀တ်မှုန်ရွှေရည်နဲ့ ရိုးရိုးအေးအေးကောင်မလေး “လေပြေ” အဖြစ် နေခြည်ဦးတို့နှစ်ယောက်က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

နေခြည်ဦးကတော့ ဒီဇာတ်ကားဟာ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သလို စဦးဆုံး အတွေ့အကြုံမှာ ပေါ့ပေါ့ပါးပါး ဇာတ်ရုပ်မဟုတ်ဘဲ နေခြည်ဦးဆိုတဲ့ character ကိုလုံးဝမပေါ်အောင်နဲ့ ဝါရင့် သမ္ဘာရင့် ဒါရိုက်တာ သရုပ်ဆောင်တွေနဲ့သရုပ်ဆောင်ရတာဖြစ်ပြီး တာဝန်ကြီးလို့ အစွမ်းကုန် ကြိုးစားနေပါတယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာ Beauty Blogger နေခြည်ဦးရဲ့ သရုပ်ဆောင်ချက်ကို ပထဆုံးစမြင်ရမှာမို့ သူမရဲ့ချစ်ပရိသတ်တွေကလည်း ရင်ခုန်စွာစောင့်စားနေခဲ့ကြပါတယ်။

နေခြည်ဦးဟာ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ “ရန်သူ” ဇာတ်ကားရိုက်ကူးနေစဉ် ရုပ်ရှင်ရိုက်ကွင်းပုံရိပ်တွေကို အမြဲမျှဝေလေ့ရှိသူပဲဖြစ်ပါတယ်။ အခုမှာတော့ “တည်ငြိမ်အေးချမ်းတဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်ကပိုပြီး အတ္တကြီးတယ်ဆိုတာ မောင်သိဖို့ဘဲလိုတယ် ..လေပြေ ၊ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီး” လို့ရေးသားမျှဝေခဲ့ပါတယ်။

source : Nay Chi Oo