သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းကတော့ (၂၀၁၇) နိုဝင်ဘာလမှာ ချစ်ရသူနဲ့အိမ်ထောင်ကျသွားပြီဖြစ်ပြီး သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးဘ၀ကိုလည်း ပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။ သူမက (၂၀၁၈)တစ်နှစ်လုံးမှာ ပရိသတ်တွေကို အပြည့်အ၀ ပေးဆပ်ချင်တာမို့ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်ကိုင်ဖြစ်မယ်လို့လည်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ချစ်သူများနေ့မှာ ခင်ပွန်းရဲ့ surprise (၂)ကြိမ်လုပ်တာခံခဲ့ရပြီး ပျော်ရွှင်နေတဲ့သူမက အခုမှာတော့ “အချစ်အဓိပ္ပါယ်သေချာမသိပါ” လို့ဆိုခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း သူမရဲ့ဖေ့ဘွတ်ပေါ်မှာ အခုလို့ရေးထားတာတွေ့ရပါတယ်။ “အဖြူရောင်လေးပါ အချစ်အဓိပ္ပါယ်သေချာမသိပါ” ဆိုပြီး အဖြူရောင်အင်္ကျီလေးနဲ့ပုံရိပ်တွေကို တင်ထားတာပဲဖြစ်ပါတယ်။

ဒီစာလေးကိုတင်ထားတဲ့ သူမကိုလည်း သူမရဲ့သူငယ်ချင်းတွေ၊ ပရိသတ်တွေက စနောက်နေခဲ့ကြတာကို တွေ့ရပါတယ်။ သူမကတော့ အိမ်ထောင်ကျသွားပြီးနောက်မှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေခဲ့တာပဲဖြစ်ပါတယ်။

source : Nann Myat Phyo Thinn