မြန်မာနိုင်ငံရဲ့ နာမည်ကြီး Ladyboy တစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ ပရိသတ်တွေအချစ်ကို အများကြီးရရှိထားသူ ဖြစ်ပါတယ်။ လတ်တလောမှာ မျိုးကိုကိုစန်းရဲ့သူငယ်ချင်းဖြစ်သူ ဇွဲမင်းဇော်က သူရဲ့ဖေစ်ဘုတ်ပေါ်မှာ မျိုးကိုကိုစန်းနဲ့ အတူ ဘုရားပေါ်မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို တင်ခဲ့တဲ့အပြင် “ဘုရားသွားကျောင်းတက်”ဆိုတဲ့ စာသားကိုရေးခဲ့တဲ့အတွက် မျိုးကိုကိုစန်းနဲ့ ပရိသတ်တွေကြားမှာ အထင်လွဲစရာ ကိစ္စဖြစ်သွားခဲ့ပါတယ်။

ဒီအတွဲဓာတ်ပုံကိစ္စကြောင့်လည်း မျိုးကိုကိုစန်းက စိတ်ညစ်နေခဲ့ပြီး သူနဲ့ချစ်သူမဟုတ်ကြောင်းလည်း ပရိသတ်တွေကို ရှင်းပြခဲ့ပတယ်။ အခုတော့ ပရိသတ်တွေ သူမကို အချစ်မလျော့ဘဲ စိတ်ချလက်ချစ်နေဖို့ အခုလို ရေးသားမျှဝေထားတာတွေ့ရပါတယ်။ “သွေးခွဲစကားတွေကို မယုံနဲ့ချစ်သူရာ .. တို့နှစ်ယောက်အကြောင်းသာအသိဆုံးပါ .. သူငယ်ချင်း ယောကျိားလေးတွေနဲ့ အထင်မလွဲနဲ့ကွာ .. စိတ်ချလက်ချ ချစ်နေပါကွာ ” လို့ဆိုခဲ့ပါတယ်။

သူမရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာတွေကြောင့် သူမကို ပရိသတ်တွေက ချစ်မ၀ဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ သူမရဲ့ အကျီင်္အကွက်လေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Myo KoKo San