မင်းသားမြင့်မြတ်က မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်လည်းဖြစ်သလို “ဂျင်းကောင်” ဆိုပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ မြင့်မြတ်က ရုပ်ရှင်ရိုက်ဖို့ ခရီးတွေထွက်ရတိုင်း သူရဲ့ဇနီးချောလေး ခင်သူအောင်ကိုပါ ခေါ်သွားလေ့ရှိပြီး အခုမှာတော့ ကလောမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

အားကျစရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ရဲ့ ဇနီးချောလေးဟာ ရင်သွေးလေးကိုလွယ်ထားရပြီ ဖြစ်တာကြောင့် ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို ရှပ်ရှင်ဇာတ်ကားတွေလည်း အဆက်မပြတ်ရိုက်ကူးနေရင်း နယ်ဘက်ကိုပါ ရှုတင်အဖွဲ့သားတွေနဲ့ ဆက်တိုက်သွားနေရတာပဲဖြစ်ပါတယ်။ သူကတော့ ဘယ်သွားသွား ဇနီးချောလေးကိုပါ အတူတူခေါ်လာလေ့ရှိလို့ ပရိသတ်တွေ အားကျစရာ ဖြစ်နေခဲ့ပါတယ်။

မြင့်မြတ်မှာ မင်းသားဆိုပြီး ဟန်ပန်တွေမရှိ ၊ အလှူအတန်းလည်း ရက်ရောတာကြောင့် အနယ်နယ်အရပ်ရပ်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ကလောရောက် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Myat Wai Tun